Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဆက်ထိုးနေ၊ သစ်ဆိမ့်ကြီးရွာရှိ နေအိမ် ၂၀ကျော် မီးတင်ရှို့သွား

ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ယနေ့မွန်းလွဲပိုင်းက ဧရာဝတီမြစ်ဘေးရှိ သစ်ဆိမ့်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj
ယနေ့မွန်းလွဲပိုင်းက ဧရာဝတီမြစ်ဘေးရှိ သစ်ဆိမ့်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ဧရာဝတီမြစ်ဘေးရှိ သစ်ဆိမ့်ကြီးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၆ ရက်) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က မြစ်တစ်ဖက် ကမ်း စဉ့်ကူးမြို့နယ် ရွာသာယာရွာမှ မော်တော်ဖြင့် ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာရှိ ပြည်သူပိုင် ပစ္စည်းများအား အဓမ္မသိမ်းယူ သယ် ဆောင်သွားခဲ့သည်။

ထို့နောက် ကူကြီးရွာ ၊သစ်ဆိမ့်ကျေးရွာဘက်တို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်တွင် မီးရှို့ခဲ့ကြောင်း၊ သစ်ဆိမ့်ကြီးရွာရှိ လူနေအိမ် ၂၀ ကျော်နှင့် သစ်ဆိမ့်ကြီးရွာ တောင်ဘက်ရှိ ကူကြီးရွာမှ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“သစ်ဆိမ့်ကြီးရွာမီးရှို့ဖျက်ဆီးခံရမှုပိုများပါတယ်။ လတ်တလော ဆုံးရှုံးမှုတွေကတော့ ဘာမှမသိရသေးဘူး။ စကစ စစ်ကြောင်းကတော့ ငါးပတ်ချောင်ထဲရှိနေသေးကြောင်း နောက်ဆုံးသိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၃ ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးကြီးရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်နှစ်စီးဖြင့် စုန်ဆင်းလာပြီးနောက် အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းတွင် ရှိမ်းမကားမှတစ်ဆင့် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။

ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်က ဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook