Connect with us

Hi, what are you looking for?

သတင်း

ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့သည့် ရဲဘော်နေထက်၏ စျာ​ပန

အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ စျာပနအား ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

ရဲဘော်နေထက်အတွက် သက်ပျောက်ဆွမ်းကပ်ပြီး ကရင်ဓလေ့အတိုင်း အလေးပြုခြင်း၊ ပေးပို့လာသော ဝမ်းနည်းကြောင်းသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ အမှတ်တရစကားပြောခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်းနှင့် သေနက်ပစ်ဖောက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရဲဘော်နေထက်၏ နာရေးအား နယ်မြေစစ်ရေးတင်းမာနေသည့်ကြားမှပင် ဒေသခံသက်ကြီးရွယ်အိုဘိုးဘွားများကအစ လိုက်ပါပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ရဲဘော်နေထက်သည် နွေဦးတော်လှန်ရေးကာလတွင် 96 Soldiers-PDF တပ်ဖွဲ့၌ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့သူဖြစ်ကြောင်း၊ ရဲဘော်နေထက် အနေဖြင့်

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင်မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကို ပေးလှူခဲ့ကြောင်း၊ 96 Soldiers-PDF တပ်ဖွဲ့က ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရ ဖြစ်ရသလို သူ၏ စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။

ရဲဘော်နေထက်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ပခုက္ကူအကျဥ်းထောင်မှထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး၌ ဆက်လက်ပါဝင်ခဲ့သူဖြစ်သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို 96‌ Soldiers-PDF တပ်အဖွဲ့နှင့် ​ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင် ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ယောက် ထိခိုက်ဒဏ်ရာရ၍ ရဲဘော်နေထက် ကျဆုံးခဲ့ရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။