Connect with us

Hi, what are you looking for?

သတင်း

ဗုံးပေါက်ပြီး အင်းစိန် ထောင်တွင်းတရားရုံးတွေ တစ်ပတ်ကြာ ပိတ်သိမ်း

အင်းစိန်ထောင်နဲ့ မန္တလေးအိုးဘိုထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပို့တာကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့စုံစမ်းသိရပါတယ်။

ဗုံးပေါက်ပြီး အင်းစိန် ထောင်တွင်းတရားရုံးတွေ တစ်ပတ်ကြာ ပိတ်သိမ်း
ဗုံးပေါက်ပြီး အင်းစိန် ထောင်တွင်းတရားရုံးတွေ တစ်ပတ်ကြာ ပိတ်သိမ်း

အင်းစိန်ထောင်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဆေးနေတဲ့ထောင်တွင်း စစ်ကောင်စီအထူးတရားရုံး တွေ ကို ရက်သတ္တတစ်ပတ်ကြာ ပိတ်သိမ်းလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့မနေ့က( အောက်တိုဘာလ ၁၉ ) ကစတင်ပြီး ထောင်တွင်းရုံးချိန်းတွေကိုတစ်ပတ်ကြာ ရွှေ့ဆိုင်းလိုက်တာလို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးကပြောပါတယ်။

နွေဦးတော်လှန်ရေးအတွင်းဖမ်းမိတဲ့ နိုင်ကျဉ်းတွေကိုအပြင်တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးတာမလုပ်ဘဲ အင်းစိန်ထောင်တွင်း အားကစားရုံမှာ တရားရုံးလုပ်စေကာ စစ်ကောင်စီက စစ်ဆေးစေတာပါ။

အဲဒီတရားရုံးတွေဟာ နိုင်ကျဉ်းတွေကိုစွဲဆိုထားတဲ့ပုဒ်မရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေကို ချလေ့ရှိတဲ့ တရားရုံးတွေလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က မနက်ပိုင်း အင်စိန်ထောင် ပေါက်ကွဲ၊ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးအပါအဝင် ထောင်ဝင်စာ ပါဆယ်ပို့သူအရပ်သား ၅ ဦးသေဆုံးပြီးနောက် စစ်ကောင်စီက ထောင်ဝင်စာ ပါဆယ်ပို့တာကို တပါတည်းပိတ်လိုက်ပါတယ်။

အင်းစိန်ထောင်နဲ့ မန္တလေးအိုးဘိုထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပို့တာကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့စုံစမ်းသိရပါတယ်။

ဒီလို ထောင်ဝင်စာပိတ်လိုက်တဲ့အတွက် ကျန်းမာရေးနဲ့စားရေးသောက်ရေးဆင်းရဲတဲ့ထောင်တွင်းအခြေအနေဟာ ပိုမိုခက်ခဲသွားနိုင်တယ်လို့ နိုင်ကျဉ်းမိသားစုဝင်တွေက ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။