Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေးလမ်းမန်း​ရွှေပြည်ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုခရီးသည်၃ ဦးသေဆုံးပြီး ၁၀ ဦး​ကျော်ဒဏ်ရာရ

ထိခိုက်ဒဏ်ရာရရှိသူများအား သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကုသ​နေ​ကြောင်းသိရသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ယနေ့နံနက်အ​စောပိုင်းက မန်းရွှေပြည်ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး အမျိုးသား၃ဦးသေဆုံးကာ ၁၀ ဦး​ကျော်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မိုင်တိုင်အမှတ် ၂၂၈ နှင့် ၂၂၉ ကြားတွင် မန်း​ရွှေပြည်ခရီးသည်တင်ယာဉ်(၁)စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ယာဥ်တိမ်း​မှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးတွင်အမျိုးသား(၃)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

နေပြည်တော်-မန္တလေးလမ်းဖက်ခြမ်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

“ရန်ကုန်ဘက်ကိုမောင်းလာတဲ့ကားက တစ်ခြားလမ်းတစ်ဘက် လမ်းပြောင်းပြန် အနေအထားထိ လှိမ့်ပြီးတော်တော်ဆိုးဆိုးကြီးဖြစ်သွားတာပါ။ကလေးမလေးတစ်ယောက်ဆို သားအဖနှစ်ယောက်လာတာ။ အဖေဖြစ်သူကတော့ကံဆိုးရှာတယ်ဗျာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိသူများအား သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကုသ​နေ​ကြောင်းသိရသည်။

“အမျိုးသားသုံးဦးသေဆုံးတယ်။ ၁၆ဦးဒဏ်ရာရပြီးတစ်ဦးကပြင်းထန်တယ်။ အားလုံး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အာဏာသိမ်းစစ်ကောင်စီကည၁၂ နာရီမှနောက်တစ်နေ့နံနက်၄နာရီအတွင်းဖြတ်သန်းခွင့်မပြုသောကြောင့် ခရီးသွားလာရာ၌ ကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။