Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် စစ်ဆင်ရေးများဖျက်သိမ်းတော့မည်မဟုတ်၍ စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများရှောင်ရှားကြရန် မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး

“မစ်ရှင်တော့မဖျက်ပါဘူးဗျ။ ပြည်သူနဲ့ ဝေးတဲ့နေရာတွေကို Target ထားလုပ်မှာပါ”ဟု Generation Y Guerrilla – GY G အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဧပြီ ၈ ရက် ညနေက ဗုံးပေါက်ကွဲခဲ့စဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဧပြီ ၈ ရက် ညနေက ဗုံးပေါက်ကွဲခဲ့စဥ်၊ ဓာတ်ပုံ - CJ)

ရှေ့ဆက်လုပ်ဆောင်မည့် မြို့ပြစစ်ဆင်ရေးများကို ဖျက်သိမ်းမည်မဟုတ်သောကြောင့် ပြည်သူ များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကို ရှောင်ရှားကြရန် ရန်ကုန်အခြေစိုက် မြို့ပြ‌ပြောက်ကျားအဖွဲ့များက ပြောသည်။

“မစ်ရှင်တော့မဖျက်ပါဘူးဗျ။ ပြည်သူနဲ့ ဝေးတဲ့နေရာတွေကို Target ထားလုပ်မှာပါ”ဟု Generation Y Guerrilla – GY G အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ပြည်သူများကို စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများကို ရှောင်ရှားရန် သတိပေးထားသော်လည်း လိုက်နာခြင်းမရှိသောကြောင့် ဖျက်သိမ်းခဲ့ရသည့် စစ်ဆင်ရေးများ ရှိခဲ့သည်ဟု Myit Ma Kha -STF မှ တာဝန်ရှိသူကလည်း ပြောသည်။

Public Service Announcement
Public Service Announcement

“စခများ၊ ရဲများနှင့်ပတ်သက်သော အဆောက်အဦများ၊ အစိုးရဝန်ထမ်းများ၊ အစိုးအဆောက်အဦး များ၊ Boycott လုပ်ထားသော နေရာများ၊ဒလန်များနဲ့ ဝေးဝေးနေပေးစေလိုပါတယ်။ ဥပမာဗျာ ကားလမ်းတဖက်က ဖြတ်တာတို့၊ တခြားလမ်းကနေရှောင်သွားတာတို့ လုပ်ပေးစေလိုပါတယ်။” ဟု Myit Ma Khaမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးပြုလုပ်ရာတွင် အချိန်ပေးလုပ်ဆောင်ရသလို ဖျက်သိမ်းရပါက အချိန်‌ ၊ငွေကြေး အပါအဝင် အဖွဲ့သားများ၏ လုံခြုံရေးပါ ထိခိုက်မှုရှိနိုင်ကြောင်း ယင်းအဖွဲ့များက ဆိုသည်။

“သူတို့နဲ့အဝေးဆုံးမှာနေဖို့ အသံကြားရင် ထွက်မကြည့်ဖို့ စကစနဲ့ပက်သက်တဲ့နေရာတွေမသွားဖို့နဲ့စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့နေရာတွေမသွားဖို့ပါဗျ။UG တွေကို ဝိုင်းဖမ်းပေး၊ဓာတ်ပုံရိုက်ခြင်းမလုပ်ကြဖို့ ကာကွယ်ပေးဖို့ပြောချင်ပါတယ်”ဟု GY G မှ တာဝန်ရှိသူက ပြောသည်။

ရှေ့ဆက်လုပ်‌ဆောင်မည့် စစ်ဆင်ရေးများကို မည်သည့်အကြောင်းနှင့်မှ ဖျက်သိမ်းတော့မည်မဟုတ်သောကြောင့် စစ်ဆင်ရေးပြုလုပ်မည့်နေရာများတွင် ထိခိုက်မှုရှိလာပါက ၎င်းတို့ဘက်မှ အနူးအညွှတ်တောင်းပန်ကြောင်းသာ ပြောနိုင်တော့မည်ဟု Myit Ma Kha- STF မှ တာဝန်ရှိသူကပြောသည်။

“ပျက်စီးဆုံးရှုံးထိခိုက်မှုများရှိခဲ့ရင် ကျွန်တော်တို့ဘက်မှ အနူးအညွန့်တောင်းပန်ကြောင်း ပြောချင်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ စစ်ဆင်ရေးနှင့် ပတ်သက်ပြီး တာမွေမြို့၌ နေထိုင်သူတစ်ဦးက “လုပ်စရာ ရှိတာ ဆက်လုပ်ပါ။အားလုံးတစ်သားတည်းမို့မတော်လို့ ထိမိရင်လဲ တော်လှန်‌ရေး ‌‌အတွက်မို့ အဆင်ပြေပါတယ်။ UGများအားလုံး ဘေးကင်းပါစေ “ဟု ပြောသည်။

ရန်ကုန်မြို့၌ စစ်ကောင်စီအဖွဲ့နှင့် ပတ်သက်သည့်နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက စစ်ဆင်ရေး လုပ်ဆောင်ရာတွင် အဆိုပါ နေရာများတွင် ပြည်သူများရှိနေခြင်း၊ စစ်ဆင်ရေးပြုလုပ်သည့် အရာများကို ပြည်သူများက ဝိုင်းဝန်းကြည့်ရှု့များကြောင့် ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။

ထို့အပြင် အချို့စစ်ဆင်ရေးလုပ်ဆောင်ရာတွင်လည်း ပြည်သူများ ထိခိုက်မှုများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။