Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်း − ကျောက်ပန်းတောင်း လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဒီနေ့မနက်အစောပိုင်း ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

ရေနံချောင်း − ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဒိုင်နာကားဟာ နောက်ကနေ ဝင်တိုက်မိတာ လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်က သတင်းထုတ်ထားပါတယ်။

ဓာတ်ပုံ−MFSD/FB
ဓာတ်ပုံ−MFSD/FB

ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၉ ဦးအနက် အမျိုးသား ၃ ဦး ၊အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေကို ချောက်မြို့နယ် ဆေးရုံ ပို့ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။