Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်အခြေစိုက် UGအဖွဲ့ဟုဆိုကာ မစ်ရှင်များကိုပြ၍ အလှူငွေလိမ်လည်ကောက်ခံနေသည့်အဖွဲ့များကို ဖော်ထုတ်မည်ဟု YUA သတိပေး

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

Update News
Update News

ရန်ကုန်မြို့ အခြေစိုက် UGအဖွဲ့ဟုဆိုကာ အခြားအဖွဲ့ပြုလုပ်ထားသော မစ်ရှင်များကိုပြ၍ အလှူငွေလိမ်လည်ကောက်ခံနေသည့် အဖွဲ့များကို ဖော်ထုတ်မည်ဟု Yangon UG Association၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။

” အခုသူများမစ်ရှင်ကိုယူတယ်တို့ ကိုယ်မလုပ်ဘဲလုပ်တ‌ယ် ပြောတဲ့ အဖွဲ့အစည်းတော်တော်များများကလည်း အချိန်အတိုင်းအတာတစ်ခုတုန်းက တော်လှန် ရေးမှာ ပါခဲ့တဲ့သူတွေပါပဲ။ နောက်ပိုင်း အခွင့်အရေး အခွင့်အလမ်းတွေသိသွားတဲ့ အချိန်မှာ ဖောက်ပြန်သွားတယ်လို့ယူဆပါတယ်။ ဒီအပေါ်မှာသာယာသွားတယ်လို့ယူဆပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေး သိမ်းသွင်းလို့ရမယ့် သူတွေကို လမ်းကြောင်းမှန်ပေါ်ကို ပြန်တင်ပေးပါတယ်။ ဘယ်လိုမှမရတဲ့သူတွေကို Black List လုပ်မှာပါ။ အဲဒီ့ကျ တရားဝင်ထုတ်ပြန်မှာပါ”ဟု ၎င်းက ပြောသည်။

YUAအနေဖြင့် ရန်ကုန်အခြေစိုက် UGဟု သုံးနှုန်းကာ အလှူငွေတောင်းခံသည့် အဖွဲ့များနှင့်ပတ် သက်၍ ဖော်ထုတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ရက်တွင် ထုတ်ပြန်ထားသည်။

“တချို့အဖွဲ့တွေကရှိတယ် ။အပျောက်လုပ်ရတယ်ဆိုပြီးနောက်ဆုံး အဖွဲ့လည်းအပျောက်လူလည်းအပျောက် ငွေလည်းအပျောက် ဒီလိုဟာတွေကျအဆင်မပြေဘူး။ လုံခြုံရေးအရ ပြောပြလို့မရဘူးဆိုပေမယ့် ကိုယ်ဘာတွေလုပ်ခဲ့တယ် ဘယ်မှာလုပ်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးတွေကို အတိုင်းအတာတစ်ခုအထိ ထုတ်ပြန်လို့ရပါတယ်။ မထုတ်ပြန်ပဲလုပ်နေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ အခု‌နောက်ပိုင်းကျတော့ ပူးသတ်တွေ ရော ဒီအပေါ်မှာ အမြတ်ထုတ်တဲ့သူတွေများလာတဲ့အတွက် ဒီစာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု ဆရာကျောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

“တကယ်မရှိသော အဖွဲ့အစည်းများဆီ ငွေကြေး လက်နက် စီးဆင်းနေခြင်းမှာ တော်လှန်ရေးအတွက် လွန်စွာ နစ်နာလှပါသည်။ ရန်ကုန်တွင် အဖွဲ့အများစုမှာ အချိတ်အဆက်ရှိကြပါသည်။ အချိတ်အဆက်မရှိလျှင်တောင် လုပ်ဆောင်မှုသည် ဘယ်အဖွဲ့ဆိုသည်မှာ သိကြပါသည်”ဟု YUA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် UG များ၏ လှူပ်ရှားမှုများအတွင်း စစ်ကောင်စီအသွင်ယူအဖွဲ့များလည်း စိမ့်ဝင်နေသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအရဖြစ်စေ သံသယရှိပါက ၎င်းတို့အဖွဲ့ကိုလာရောက်မေးမြန်းနိုင်ကြောင်း YUAက ထုတ်ပြန် ထားသည်။

“လုံခြုံရေးအရ စိတ်ပူတဲ့သူတွေရှိရင်လည်း YUA အနေနဲ့ကတော့ လာပြီးမေးမြန်းတဲ့သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝအာမခံတယ်လို့ပဲ ပြောပါရစေ။ တော်လှန်ရေးလည်း တစ်နှစ်ခွဲလို့ နှစ်နှစ်ထဲရောက်တော့မယ်ဆိုတော့ ဘယ်သူဘာလဲဆိုတာ အကုန်လုံးသိတဲ့အတွက် သမိုင်းကြောင်းကို ကြည့်ပြီး ယုံကြည်ပါ”ဟု ဆရာကျောင်းက အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။