Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်အခြေစိုက် UGအဖွဲ့ဟုဆိုကာ မစ်ရှင်များကိုပြ၍ အလှူငွေလိမ်လည်ကောက်ခံနေသည့်အဖွဲ့များကို ဖော်ထုတ်မည်ဟု YUA သတိပေး

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

Update News
Update News

ရန်ကုန်မြို့ အခြေစိုက် UGအဖွဲ့ဟုဆိုကာ အခြားအဖွဲ့ပြုလုပ်ထားသော မစ်ရှင်များကိုပြ၍ အလှူငွေလိမ်လည်ကောက်ခံနေသည့် အဖွဲ့များကို ဖော်ထုတ်မည်ဟု Yangon UG Association၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။

” အခုသူများမစ်ရှင်ကိုယူတယ်တို့ ကိုယ်မလုပ်ဘဲလုပ်တ‌ယ် ပြောတဲ့ အဖွဲ့အစည်းတော်တော်များများကလည်း အချိန်အတိုင်းအတာတစ်ခုတုန်းက တော်လှန် ရေးမှာ ပါခဲ့တဲ့သူတွေပါပဲ။ နောက်ပိုင်း အခွင့်အရေး အခွင့်အလမ်းတွေသိသွားတဲ့ အချိန်မှာ ဖောက်ပြန်သွားတယ်လို့ယူဆပါတယ်။ ဒီအပေါ်မှာသာယာသွားတယ်လို့ယူဆပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေး သိမ်းသွင်းလို့ရမယ့် သူတွေကို လမ်းကြောင်းမှန်ပေါ်ကို ပြန်တင်ပေးပါတယ်။ ဘယ်လိုမှမရတဲ့သူတွေကို Black List လုပ်မှာပါ။ အဲဒီ့ကျ တရားဝင်ထုတ်ပြန်မှာပါ”ဟု ၎င်းက ပြောသည်။

YUAအနေဖြင့် ရန်ကုန်အခြေစိုက် UGဟု သုံးနှုန်းကာ အလှူငွေတောင်းခံသည့် အဖွဲ့များနှင့်ပတ် သက်၍ ဖော်ထုတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ရက်တွင် ထုတ်ပြန်ထားသည်။

“တချို့အဖွဲ့တွေကရှိတယ် ။အပျောက်လုပ်ရတယ်ဆိုပြီးနောက်ဆုံး အဖွဲ့လည်းအပျောက်လူလည်းအပျောက် ငွေလည်းအပျောက် ဒီလိုဟာတွေကျအဆင်မပြေဘူး။ လုံခြုံရေးအရ ပြောပြလို့မရဘူးဆိုပေမယ့် ကိုယ်ဘာတွေလုပ်ခဲ့တယ် ဘယ်မှာလုပ်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးတွေကို အတိုင်းအတာတစ်ခုအထိ ထုတ်ပြန်လို့ရပါတယ်။ မထုတ်ပြန်ပဲလုပ်နေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ အခု‌နောက်ပိုင်းကျတော့ ပူးသတ်တွေ ရော ဒီအပေါ်မှာ အမြတ်ထုတ်တဲ့သူတွေများလာတဲ့အတွက် ဒီစာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု ဆရာကျောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

“တကယ်မရှိသော အဖွဲ့အစည်းများဆီ ငွေကြေး လက်နက် စီးဆင်းနေခြင်းမှာ တော်လှန်ရေးအတွက် လွန်စွာ နစ်နာလှပါသည်။ ရန်ကုန်တွင် အဖွဲ့အများစုမှာ အချိတ်အဆက်ရှိကြပါသည်။ အချိတ်အဆက်မရှိလျှင်တောင် လုပ်ဆောင်မှုသည် ဘယ်အဖွဲ့ဆိုသည်မှာ သိကြပါသည်”ဟု YUA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် UG များ၏ လှူပ်ရှားမှုများအတွင်း စစ်ကောင်စီအသွင်ယူအဖွဲ့များလည်း စိမ့်ဝင်နေသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအရဖြစ်စေ သံသယရှိပါက ၎င်းတို့အဖွဲ့ကိုလာရောက်မေးမြန်းနိုင်ကြောင်း YUAက ထုတ်ပြန် ထားသည်။

“လုံခြုံရေးအရ စိတ်ပူတဲ့သူတွေရှိရင်လည်း YUA အနေနဲ့ကတော့ လာပြီးမေးမြန်းတဲ့သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝအာမခံတယ်လို့ပဲ ပြောပါရစေ။ တော်လှန်ရေးလည်း တစ်နှစ်ခွဲလို့ နှစ်နှစ်ထဲရောက်တော့မယ်ဆိုတော့ ဘယ်သူဘာလဲဆိုတာ အကုန်လုံးသိတဲ့အတွက် သမိုင်းကြောင်းကို ကြည့်ပြီး ယုံကြည်ပါ”ဟု ဆရာကျောင်းက အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။