Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်း၏ စနိုက်ပါလက်ချက် ကြောင့် ခလရ(၂၀၇)က စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ထုတ်ပြန်

နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။

(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါ ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါ ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေတွင် ယနေ့ (နိုဝင်ဘာ ၂ရက်) တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။

ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ စနိုက်ပါစစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

မြ၀တီ – ဝေါ်လေလမ်း တစ်ဝိုက်တွင် အောက်တိုဘာ လအတွင်းကလည်း ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီး ဝင်းမင်းဦးအပါအဝင် သေဆုံးထိခိုက်မှုများခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။