Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်စဥ် ဒဏ်ရာရ ရဲသုံးဦးအနက် တစ်ဦးသေ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။

(ဖားကန့်ဒေသ ကျောက်မှော်တစ်နေရာတွင် တွေ့ရသော ရဲများ၊ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသ ကျောက်မှော်တစ်နေရာတွင် တွေ့ရသော ရဲများ၊ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ယမန်နေ့(နိုဝင်ဘာ ၄ရက်)က မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီလက်အောက်ခံ ဒဏ်ရာရရဲသုံးဦးအနက် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။

ယင်းသုံးဦးကို ဖားကန့်ဆေးရုံ၌ ကုသနေစဥ် ယနေ့ တစ်ဦးသေဆုံးသွားသည်ဟု ဆေးရုံအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီနေ့ ဆေးရုံမှာ ရဲတစ်ယောက်​သေသွားတယ်။ နှစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ မိုင်းက တော်တော်အောင်တယ်”ဟု အထက်ပါ ဒေသခံက သတင်းပေးပို့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နေ့လယ်ပိုင်း မိုင်းပေါက်ကွဲပြီးနောက် ညဘက်တွင် စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်မှုများ အကြောင်းမဲ့ပြုလုပ်ခဲ့သည်။ စစ်ကောင် စီတပ်သည် ဖားကန့်ဒေသ၌ အင်အားနည်းနေသလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFပူးပေါင်းအဖွဲ့ကို ကြောက်လန့်နေပြီး ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဟု ဒေသခံများကို ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။