Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် PDFအဖွဲ့ ဆင်ထားသည့်မိုင်းအား ဓာတ်ပုံလာရိုက်သော စစ်ကောင်စီကင်းထောက်ကို မိုင်းခွဲတိုက်ခိုက်

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မုံရွာမြို့ ကျောက်ကာလမ်းမ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ၊ဓာတ်ပုံ - CJ
မုံရွာမြို့ ကျောက်ကာလမ်းမ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ၊ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဆင်ထားသည့်မိုင်းအား ဓာတ်ပုံလာရိုက်သော စစ်ကောင်စီကင်းထောက်တစ်ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ ​တာဝန်ခံ ကိုလင်းယုန်က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာမြို့၊စက်မှုဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း​ဆုံ၊ရေစင်ကြီးအနီးတွင် မိုင်းတစ်ခုအား ဆိုင်ကယ်နှင့် ခေါက်တုံ့ခေါက်ပြန် ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်သွားသော စစ်ကောင်စီ၏ ကင်းထောက်တစ်ဦးအား မိုင်း၂လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။

၎င်းမှာနေရာတင်လဲကျသွားပြီး စစ်အုပ်စုကလာရောက်တင်ဆောင်သွားသည်ဟု ဆိုသည်။

“သူ ဓါတ်ပုံရိုက်သွားတဲ့မိုင်းနဲ့ပဲ ခွဲခဲ့တာပါဗျ။ စကစ သတင်းပေးတစ်ဦးပါ။”ဟု Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုနှင့်နီးကပ်နေ၍ သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးဘဲ ပြည်သူ့ ရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa-V2နှင့် Black Dragon Special Task Force၊ Farmer Revolution Force(FRF UG တပ်ရင်း၉)၊ Monywa Ranger Army၊ Heroes Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။