Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေး စုပေါင်းဆောင်ရွက်ကြဖို့ ထိုင်းတောင်းဆို

ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ အနူချာ ဘူရာပါချိုင်ဆရီက နိုဝင်ဘာ ၁၁ ရက်နေ့က အာဆီယံ ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

(က​​မ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့တဲ့ အာဆီယံ​ခေါင်း​ဆောင်အချို့။ ဓါတ်ပုံ-AFP)
(က​​မ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့တဲ့ အာဆီယံ​ခေါင်း​ဆောင်အချို့။ ဓါတ်ပုံ-AFP)

မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံက အာဆီယံ ညီလာခံမှာ တိုက်တွန်း တောင်းဆိုခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာပါတယ်။

ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ အနူချာ ဘူရာပါချိုင်ဆရီက နိုဝင်ဘာ ၁၁ ရက်နေ့က အာဆီယံ ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်မှာ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ပြဿနာတွေကို ဆွေးနွေး အဖြေရှာရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါတာကို ထပ်လောင်း တင်ပြ ဆွေးနွေးခဲ့တယ်လို့လည်း အနူချာက ဆိုပါတယ်။

မြန်မာပြည်သူတွေနဲ့ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးရဲ့ ကောင်းကျိုးကို လိုလားသူ အားလုံးက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ရရှိစေလိုကြကြောင်း၊ မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီ လိုအပ်နေသူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်အောင် အဖွဲ့အစည်း ပေါင်းစုံက ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဝန်ကြီးချုပ် ပယာရွတ်သ်က တိုက်တွန်း တောင်းဆိုခဲ့တယ်လို့အနူချာကပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အိမ်နီးချင်း နိုင်ငံတစ်ခု အနေနဲ့ ထိုင်းဟာ မြန်မာ ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပို့ဆောင်ပေးနိုင်ရေးအတွက် အသင့်ရှိနေတယ်လို့ ဝန်ကြီးချုပ်က ကတိပြုခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ဒါ့အပြင် ပယာရွတ်သ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကဏ္ဍတွေမှာ ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်အောင် အာဆီယံ အနေနဲ့ စီမံထိန်းသိမ်းထားဖို့ အကြံပြုခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။