Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအစိုးရပိုင် ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းဗုံးခွဲခံရ

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြန်လည်ထွက်သွားသည့် နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရှယ်ယာများကိုလည်း ဆက်လက်ရယူလုပ်ကိုင်​နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

(မြန်မာ-ထိုင်း ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းရာပြ ​မြေပုံ)
(မြန်မာ-ထိုင်း ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းရာပြ ​မြေပုံ)

ထိုင်းအစိုးရပိုင်​ရေနံကုမ္ပဏီ PTTEP၏ မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုင်း ယနေ့ မနက်အစောပိုင်းက ဗုံးခွဲခံရကြောင်း ဒေသခံအချို့က​ပြောသည်။

ဓါတ်​ငွေ့ပိုက်လိုင်းသည် ​ရေဖြူမြို့နယ်၊မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်အနီးတွင်ယမန့်နေ့မနက် ၃နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုမျက်မြင်​တွေ့ရှိသူအချို့ကကပြောသည်။

ပိုက်လိုင်းပေါက်ကွဲမှုများအပြီးတွင် ကုမ္ပဏီဝန်ထမ်းများနှင့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လာ၍စစ်ဆေးနေသည်ဟု ​ဒေသခံအချို့ကပြောသည်။

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့အဓိကပို့လွှတ်နေသည့်ပိုက်လိုင်းဖြစ်ပြီးတနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသရှိ ပိုက်လိုင်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းသို့ သဘာဝဓါတ်​ငွေ့တင်ပို့​ရောင်းချရာမှအာဏာသိမ်းစစ်​ကောင်စီအတွက် ​အဓိကဝင်​ငွေရရှိ​နေ​သောလုပ်ငန်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

PTTEPကုမ္ပဏီသည် မုတ္တမရှိ မြန်မာ့ကမ်းလွန်တွင် ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခွင့်ရထားသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန်နှင့် ရတနာစီမံကိန်းတို့တွင်လည်း ရှယ်ယာများပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြန်လည်ထွက်သွားသည့် နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရှယ်ယာများကိုလည်း ဆက်လက်ရယူလုပ်ကိုင်​နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

ထိုင်းPTTEPကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင်လည်း ဇွန် ၂၂ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။