Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းအစိုးရပိုင် ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းဗုံးခွဲခံရ

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြန်လည်ထွက်သွားသည့် နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရှယ်ယာများကိုလည်း ဆက်လက်ရယူလုပ်ကိုင်​နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

(မြန်မာ-ထိုင်း ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းရာပြ ​မြေပုံ)
(မြန်မာ-ထိုင်း ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းရာပြ ​မြေပုံ)

ထိုင်းအစိုးရပိုင်​ရေနံကုမ္ပဏီ PTTEP၏ မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုင်း ယနေ့ မနက်အစောပိုင်းက ဗုံးခွဲခံရကြောင်း ဒေသခံအချို့က​ပြောသည်။

ဓါတ်​ငွေ့ပိုက်လိုင်းသည် ​ရေဖြူမြို့နယ်၊မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်အနီးတွင်ယမန့်နေ့မနက် ၃နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုမျက်မြင်​တွေ့ရှိသူအချို့ကကပြောသည်။

ပိုက်လိုင်းပေါက်ကွဲမှုများအပြီးတွင် ကုမ္ပဏီဝန်ထမ်းများနှင့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လာ၍စစ်ဆေးနေသည်ဟု ​ဒေသခံအချို့ကပြောသည်။

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့အဓိကပို့လွှတ်နေသည့်ပိုက်လိုင်းဖြစ်ပြီးတနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသရှိ ပိုက်လိုင်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းသို့ သဘာဝဓါတ်​ငွေ့တင်ပို့​ရောင်းချရာမှအာဏာသိမ်းစစ်​ကောင်စီအတွက် ​အဓိကဝင်​ငွေရရှိ​နေ​သောလုပ်ငန်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

PTTEPကုမ္ပဏီသည် မုတ္တမရှိ မြန်မာ့ကမ်းလွန်တွင် ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခွင့်ရထားသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန်နှင့် ရတနာစီမံကိန်းတို့တွင်လည်း ရှယ်ယာများပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြန်လည်ထွက်သွားသည့် နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရှယ်ယာများကိုလည်း ဆက်လက်ရယူလုပ်ကိုင်​နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

ထိုင်းPTTEPကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင်လည်း ဇွန် ၂၂ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။