Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်

နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်

စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုတွေ အမြင့်ဆုံး ရောက်ရှိနေချိန်မှာ တရုတ်နဲ့ အမေရိကန် သမ္မတတွေ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒန် အာဏာရလာပြီး ၄ နှစ်လောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ် ဆိုတာကို နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ဘက်ပေါင်းစုံမှာ တင်းမာမှုတွေ ပိုမို ဆိုးရွားလာနေခဲ့ပါတယ်။

နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်လို အရေးကိစ္စတွေကို ဆွေးနွေးကြဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် G20 ညီလာခံကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ တက်ရောက်လာခြင်း မရှိဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ စေလွှတ်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ဆယ်စုနှစ် အတော်များများအတွင်း အနိမ့်ပါးဆုံး အဆင့်ထိ ကျဆင်းနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ် ပြဿနာ၊ ဟောင်ကောင် ဒီမိုကရေစီရေး၊ တရုတ် နည်းပညာ ကုမ္ပဏီတွေအပေါ် အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေလို ကိစ္စတွေကြောင့် တင်းမာမှုတွေက ဆိုးသထက် ဆိုးရွားလာခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ ဒီလို အနုတ်လက္ခဏာဆန်တဲ့ အခြေအနေတွေကို ပြန်လည်ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ပီပီပြင်ပြင် အားထုတ်နေခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။

ဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း ရှီနဲ့ ဖုန်း၊ ဒါမှမဟုတ် ဗီဒီယိုကောလ်နဲ့ ဆက်သွယ် ဆွေးနွေးမှု ၅ ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးဟာ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားလက်ထက်၊ ဘိုင်ဒန်က ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေချိန်က နောက်ဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက် လည်ပတ်နိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။