Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်

နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန်

စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုတွေ အမြင့်ဆုံး ရောက်ရှိနေချိန်မှာ တရုတ်နဲ့ အမေရိကန် သမ္မတတွေ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒန် အာဏာရလာပြီး ၄ နှစ်လောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ် ဆိုတာကို နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ဘက်ပေါင်းစုံမှာ တင်းမာမှုတွေ ပိုမို ဆိုးရွားလာနေခဲ့ပါတယ်။

နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်လို အရေးကိစ္စတွေကို ဆွေးနွေးကြဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် G20 ညီလာခံကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ တက်ရောက်လာခြင်း မရှိဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ စေလွှတ်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ဆယ်စုနှစ် အတော်များများအတွင်း အနိမ့်ပါးဆုံး အဆင့်ထိ ကျဆင်းနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ် ပြဿနာ၊ ဟောင်ကောင် ဒီမိုကရေစီရေး၊ တရုတ် နည်းပညာ ကုမ္ပဏီတွေအပေါ် အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေလို ကိစ္စတွေကြောင့် တင်းမာမှုတွေက ဆိုးသထက် ဆိုးရွားလာခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ ဒီလို အနုတ်လက္ခဏာဆန်တဲ့ အခြေအနေတွေကို ပြန်လည်ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ပီပီပြင်ပြင် အားထုတ်နေခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။

ဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း ရှီနဲ့ ဖုန်း၊ ဒါမှမဟုတ် ဗီဒီယိုကောလ်နဲ့ ဆက်သွယ် ဆွေးနွေးမှု ၅ ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးဟာ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားလက်ထက်၊ ဘိုင်ဒန်က ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေချိန်က နောက်ဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။