Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

မုံရွာ - မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်
မုံရွာ - မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ၁၈စီးပါ စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များက နေရာသုံးနေရာခွဲကာ ပဒေသာမိုင်း ၅ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်လေးစီး မိုင်းထိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ လက်နက်နှင့်လူအင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ၏ ၁၈စီးပါယာဥ်တန်းအား CDSOM၏ တပ်ခွဲများနှင့် မဟာမိတ်များက လမ်းကြောင်းဖြတ်တောက် မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး M2W က ထုတ်လုပ်သည့် ပဒေသာမိုင်း ၃၃လုံးနှင့် တဖက်ပွင့် နှစ်ချောင်းကို အသုံးပြုခဲ့ကြောင်း CDSOM၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

CDSOM၏ ကန္တာရသိန်းငှက်တပ်ခွဲ၊ မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W၊ Black Eagle Defence Force MMU၊ Myinmu Civil Force CRF၊ MMU PDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြင်းမူမြို့နယ်(ပကဖ)၊ Myaung Union Army၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ – ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု၏ အသေအပျောက်စာရင်းမသိရသေးကြောင်း CDSOMက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါယာဥ်တန်းကိုပင် ချောင်းဦးမြို့နယ် နတ်ရေကန်ကြားအရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်ခန့်တွင် ပဒေသာမိုင်း ၂၂ လုံးနှင့် ပွိုင့်၃ပွိုင့်နေရာချထားပြီး M2W ထုတ်မိုင်းများဖြင့် တရစပ်မိုင်းဆွဲတိုက်ခိုက်ရာ စတုတ္ထမြောက်ကားမှစ၍ သုံးစီးဆက်တိုက် ထိမှန်ခဲ့ကြောင်း CDSOMက ထုတ်ပြန်သည်။

ကျန်ကားများပေါ်က စစ်အုပ်စုဝင်များသည် (၆၀) မမနှစ်လုံး၊ လက်နက်ငယ်များဖြင့် မနားတမ်းပြန်လည်ပစ်ခတ်ခဲ့ကြောင်း CDSOMက ဆိုသည်။

ပစ်ခတ်မှုများကြားက ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို CDSOM ၏ ဗိုလ်စကြာတပ်ခွဲနှင့် တပ်ပေါင်းစု(ငါးထောင့်ကြယ်)၊ ဒီမိုပြောက်ကျား၊ One PDF၊ MGN Panda၊ CDSOM၏ စော်ဘွားကြီးတပ်ခွဲ၊ CDSOM ၏ တူမီးဖိုက်တာတပ်ခွဲ၊ CDSOM၏ YFPDFတပ်ခွဲ၊ M2W၊ CRA တပ်ခွဲ၂၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃၊ MUA၊ စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု၏ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း CDSOMက အသိပေးသည်။

အဆိုပါ ယာဥ်တန်းပါ ၅ စီးမြောက်ကားကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ငါးယှန်ကျေးရွာအနီး၌ M2Wက ထုတ်လုပ်သော မိုင်းများအသုံးပြု၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိချက်ပြင်းသောကြောင့် ကားမှာစုတ်ပြတ်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရ CDSOM အဖွဲ့က ထုတ်ပြန်သည်။

“Black Egaleနဲ့ပူးပေါင်းပြီး ကင်းပုန်းများကိုလည်း ၃ လုံးတွဲမိုင်းနဲ့ ထပ်ဆောင်းတိုက်ခိုက်နိုင်ခဲ့လို့ ​ွေးတွေ အကျအဆုံးများပါတယ်။”ဟု CDSOM အဖွဲ့က ကိုနွေဦး-မြောင်က ပြောသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို CDSOM၏ မြောက်ပိုင်း 003 တပ်ခွဲ၊ CB 9.9အဖွဲ့၊ Myaung Women Warriors၊ Myaung Union Army တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာ ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDF များက ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။