Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

မုံရွာ - မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်
မုံရွာ - မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ၁၈စီးပါ စစ်ကောင်စီယာဥ်တန်းအား မဟာမိတ်အဖွဲ့များက နေရာသုံးနေရာခွဲကာ ပဒေသာမိုင်း ၅ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်လေးစီး မိုင်းထိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ လက်နက်နှင့်လူအင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ၏ ၁၈စီးပါယာဥ်တန်းအား CDSOM၏ တပ်ခွဲများနှင့် မဟာမိတ်များက လမ်းကြောင်းဖြတ်တောက် မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး M2W က ထုတ်လုပ်သည့် ပဒေသာမိုင်း ၃၃လုံးနှင့် တဖက်ပွင့် နှစ်ချောင်းကို အသုံးပြုခဲ့ကြောင်း CDSOM၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

CDSOM၏ ကန္တာရသိန်းငှက်တပ်ခွဲ၊ မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W၊ Black Eagle Defence Force MMU၊ Myinmu Civil Force CRF၊ MMU PDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြင်းမူမြို့နယ်(ပကဖ)၊ Myaung Union Army၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ – ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု၏ အသေအပျောက်စာရင်းမသိရသေးကြောင်း CDSOMက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါယာဥ်တန်းကိုပင် ချောင်းဦးမြို့နယ် နတ်ရေကန်ကြားအရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်ခန့်တွင် ပဒေသာမိုင်း ၂၂ လုံးနှင့် ပွိုင့်၃ပွိုင့်နေရာချထားပြီး M2W ထုတ်မိုင်းများဖြင့် တရစပ်မိုင်းဆွဲတိုက်ခိုက်ရာ စတုတ္ထမြောက်ကားမှစ၍ သုံးစီးဆက်တိုက် ထိမှန်ခဲ့ကြောင်း CDSOMက ထုတ်ပြန်သည်။

ကျန်ကားများပေါ်က စစ်အုပ်စုဝင်များသည် (၆၀) မမနှစ်လုံး၊ လက်နက်ငယ်များဖြင့် မနားတမ်းပြန်လည်ပစ်ခတ်ခဲ့ကြောင်း CDSOMက ဆိုသည်။

ပစ်ခတ်မှုများကြားက ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို CDSOM ၏ ဗိုလ်စကြာတပ်ခွဲနှင့် တပ်ပေါင်းစု(ငါးထောင့်ကြယ်)၊ ဒီမိုပြောက်ကျား၊ One PDF၊ MGN Panda၊ CDSOM၏ စော်ဘွားကြီးတပ်ခွဲ၊ CDSOM ၏ တူမီးဖိုက်တာတပ်ခွဲ၊ CDSOM၏ YFPDFတပ်ခွဲ၊ M2W၊ CRA တပ်ခွဲ၂၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃၊ MUA၊ စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု၏ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း CDSOMက အသိပေးသည်။

အဆိုပါ ယာဥ်တန်းပါ ၅ စီးမြောက်ကားကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ငါးယှန်ကျေးရွာအနီး၌ M2Wက ထုတ်လုပ်သော မိုင်းများအသုံးပြု၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိချက်ပြင်းသောကြောင့် ကားမှာစုတ်ပြတ်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရ CDSOM အဖွဲ့က ထုတ်ပြန်သည်။

“Black Egaleနဲ့ပူးပေါင်းပြီး ကင်းပုန်းများကိုလည်း ၃ လုံးတွဲမိုင်းနဲ့ ထပ်ဆောင်းတိုက်ခိုက်နိုင်ခဲ့လို့ ​ွေးတွေ အကျအဆုံးများပါတယ်။”ဟု CDSOM အဖွဲ့က ကိုနွေဦး-မြောင်က ပြောသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို CDSOM၏ မြောက်ပိုင်း 003 တပ်ခွဲ၊ CB 9.9အဖွဲ့၊ Myaung Women Warriors၊ Myaung Union Army တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာ ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDF များက ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။