Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf Soldiers
အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf Soldiers

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ပဒေသာမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်များနိုင်ကြောင်း Black Wolf Soldiers အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၄)နံနက်၁၁ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ် ချောင်းဦး-မြင်းမူလမ်းပိုင်း၌ မန္တလေးမှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကား လေးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးစီးမြောက် ကားအား တည့်တည့်ထိမှန်ခဲ့ပြီး အထိခိုက်အကျဆုံးများနိုင်ကြောင်း မြေပြင်သတင်းများအရသိရသည်ဟု Black Wolf Soldiers အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား Black Wolf Soldiers အဖွဲ့၊ Chaung U Revolution Army(CRA-2)၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်နှင့် Spring Soldiers အဖွဲ့တို့ ပူးပေါင်း၍ Spring Soldiersအဖွဲ့၏ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။