Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနယ်တွင် စစ်ကောင်စီတပ်နှင့်ပျူများကို တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မုံရွာခရိုင်တွင် တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်ဆင်နေ၍ လက်နက်ခဲယမ်းများစွာ လိုအပ်နေကြောင်း Chindwin Attack Force အဖွဲ့က အသိပေးထားသည်။

စစ်အုပ်စုနှင့်ပျူများအား တိုက်ခိုက်နေသည့် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်
စစ်အုပ်စုနှင့်ပျူများအား တိုက်ခိုက်နေသည့် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနောက် ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို အလစ်ဝင်တိုက်ရာ နှစ်ဦးသေ​ဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force ) တပ်ရင်း -၂ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့နယ်၊ ကြေးမုံရွာအနောက်ဘက်သို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူ ၃၅ဦးခန့်အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့်ပျူများဘက်က နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိပြီး သုံးဦးဒဏ်ရာပြင်းထန်ကြောင်း Chindwin Attack Force တာဝန်ခံက ပြောသည်။

ည ၁၀နာရီခန့်တွင်လည်း ပျူစောထီးကြီးစိုးရာတောပုရွာအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေး တပ်မတော် ( Chindwin Attack Force ) တပ်ရင်း ၂၊တပ်ခွဲ ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊ Area 71 Defense Force – (Monywa)၊ Special 11 Force၊ PDF- South Monywa အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင်တွင် တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်ဆင်နေ၍ လက်နက်ခဲယမ်းများစွာ လိုအပ်နေကြောင်း Chindwin Attack Force အဖွဲ့က အသိပေးထားသည်။

နိုဝင်ဘာ ၂၃ရက်ကလည်း တောပုရွာရှိ ပျုစောထီးများအား ဒေသကာကွယ်ရေးအဖွဲ့များက သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ပျူဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။