Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် မီးရှို့ခံရသည့် ကျေးရွာသုံးရွာ အကူအညီလိုအပ်နေ

အဆိုပါ မီးရှို့ခံရသည့်နေအိမ်များအတွက် လှူဒါန်းသွားရန်စီစဥ်နေပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းပေးကြရန် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

မီးရှို့ဖျက်ဆီး ခံခဲ့ရသော နေအိမ်များ၊ ဓာတ်ပုံ-CJ
မီးရှို့ဖျက်ဆီး ခံခဲ့ရသော နေအိမ်များ၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့်ကျေးရွာ သုံးရွာမှ မီးဘေးသင့်ပြည်သူများ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်မှ နိုဝင်ဘာ ၉ရက်အထိ မုံရွာတောင်နယ်(မုံရွာ-အမြင့်လမ်းနယ်)ကို တစ်ပတ်တိတိ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နဂါးတွင်းကျေးရွာတွင် အိမ်ထောင်စု (၁၆)စု၊ ဂျိုးစုရွာတွင် အိမ်ထောင်စု သုံးစုနှင့် ထန်းလေးပင်ရွာတွင် အိမ်ထောင်စု(၁၁)စုတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“တချို့သော အိမ်ထောင်စုတွေက အိမ်ထောင်စုတစ်စုပဲဖြစ်ပေမယ့် နေအိမ်က၂အိမ်(သို့မဟုတ်) သုံးအိမ် မီးရှို့ခံခဲ့ရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အဆိုပါ မီးရှို့ခံရသည့်နေအိမ်များအတွက် လှူဒါန်းသွားရန်စီစဥ်နေပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းပေးကြရန် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အာဏာသိမ်းကာလစတင်ချိန်မှ သြဂုတ်၂၅ ရက်အထိ နေအိမ်ပေါင်း ၂၀၁၅၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။ ​

စစ်ကောင်စီတပ်က နိုဝင်ဘာ၇ ရက်တွင် မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာအနီး၌ ​ဒေသကာကွယ်ရေးရဲဘော်နှင့်ပြည်သူ ၈ ဦးထက်မနည်းသတ်ဖြတ်သွားခဲ့သည်။

မီးရှို့ဖျက်ဆီး ခံခဲ့ရသော နေအိမ်များ၊ ဓာတ်ပုံ-CJ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။