Connect with us

Hi, what are you looking for?

သတင်း

လက်နက်စမ်းသပ်ရင်း CRAရဲဘော်များ ထိခိုက်ဒဏ်ရာရရှိ

ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRAသည် စစ်ကိုင်းတိုင်းအပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းဘက်ကပါ ကူးသန်းပြီး ဒေသတွင်း PDFများနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ - CRA
ဓာတ်ပုံ - CRA

▪️အစားထိုးလက်နက်ဝယ်ယူရန် တော်လှန်ဒီဇင်ဘာလှုပ်ရှားမှုဖြင့် ရန်ပုံငွေရှာဖွေမည်ဟုပြော

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် လက်လုပ် လက်နက်များစမ်းသပ်ရင်း ရဲဘော်များ ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အစားထိုးလက်နက်များဝယ်ယူရန် တော်လှန်ဒီဇင်ဘာ လှုပ်ရှားမှုပြုလုပ်ကာ ရန်ပုံငွေရှာဖွေရန် စီစဥ်နေကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် (CRA)အဖွဲ့ တာဝန်ခံက ပြောသည်။

CRA ရဲဘော်များသည် ယခုလကို တော်လှန်ဒီဇင်ဘာ ကာလအဖြစ် စစ်အာဏာရှင် အမြစ်ပြုတ်ရန်အတွက် တော်လှန်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော် အရှိန််မြှင့်လုပ်ဆောင်နိုင်ရန် လက်နက်ခဲယမ်း ဖြည့်ဆည်းရန်ငွေအင်အား လိုအပ်သည့်အတွက် ယခုဒီဇင်ဘာအတွင်း “တော်လှန်ဒီဇင်ဘာ” ရန်ပုံငွေရှာဖွေရေးလှုပ်ရှားကို ဒီဇင်ဘာ၂ ရက်မှ ဇန်နဝါရီ၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း

ဓာတ်ပုံ - CRA
ဓာတ်ပုံ – CRA

“ကျွန်တော်တို့ CRA -2 ရဲဘော်များဟာ လက်လုပ် စမ်းသပ်ရာက ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြသည့်အတွက် ရရှိလာတဲ့ ရန်ပုံငွေများကို လက်လုပ် အစားထိုး လက်နက်များဝယ်ယူသွားမှာ ဖြစ်ပါတယ်။ ကမ်းပိန်းကာလအတွင်း အလှူငွေ ထည့်ဝင်သူများကိုလည်း ပြည်သူများက လှူဒါန်းထားတဲ့ ပစ္စည်းများကို မဲဖောက်ပြီး အမှတ်တရ လက်ဆောင်ပြန်လည် ပေးအပ်မယ့် အစီအစဉ်လဲ ရှိပါတယ်။”ဟု CRAအဖွဲ့ တာဝန်ခံက ပြောသည်။

မဲလက်မှတ်တစ်စောင်ကို ကျပ်ငွေတစ်သောင်း၊ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာစသဖြင့် ရောက်ရှိနေသည့် နိုင်ငံပေါ်မူတည်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရန်ပုံငွေလက်မှတ်များကို Chaung U Revolution Army (ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်)စာမျက်နှာအပါအဝင် CRAနှင့် လက်တွဲထားသူများထံ ဝယ်ယူနိုင်မည်​ဖြစ်ကြောင်း CRA၏ Facebook စာမျက်နှာ https://www.facebook.com/revolutionarmy.chaungu/?mibextid=ZbWKwL တွင် ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRAသည် စစ်ကိုင်းတိုင်းအပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းဘက်ကပါ ကူးသန်းပြီး ဒေသတွင်း PDFများနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။