Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့လယ်တွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဖားကန့်မြို့လယ်တွင် ယမန်နေ့ညက ပါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော
ဖားကန့်မြို့လယ်တွင် ယမန်နေ့ညက ပါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာနေရာအနီးတွင် ယမန်နေ့ညပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွား၍ အဆိုပါတပ်ဖွဲ့ဝင် များသေဆုံးထိခိုက်မှုများပြီး ကားတစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

“ကိုယ်တိုင်တော့ မမြင်ရတော့မသိပေမယ့် ကြားတာတော့ရှိတယ်။ သေဆုံးထိခိုက်တာတွေရှိတယ်ကြားတယ်။ ၈ယောက်၊ ၁၀ ယောက် အဲဒီပတ်ဝန်းကျင် လောက်လို့ထင်တယ်။ ဖြစ်တာက အဲဒါမြို့လယ်ကောင်လေ။ ရဲစခန်းနဲ့နီးတယ်။ တပ်မကုန်းပဲ Jade City ရဲ့ ဟိုဘက်တွေက။ သူတို့(စစ်ကောင်စီတပ်)တွေနဲ့နီးနီးလေးပဲ။ ကားလည်းပျက်စီးတယ်လို့ပြောတယ် “ဟု ဖားကန့်မြို့ခံက ပြောသည်။

ယမန်နေ့ည ၆နာရီခွဲဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများ ကြားရကြောင်း၊ ညနက်ပိုင်းတွင်လည်း ပေါက်ကွဲသံတစ်ချက် ကြားရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဉ်များကြောင့် အရပ်သားထိခိုက်မှုကိုမကြားရကြောင်း၊ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဆိုင်ကယ်နှင့် လိုင်စင်မဲ့ကားများ ဖမ်းဆီးသည့် သတင်းကြောင့် ပြည်သူထုများ အပြင်မထွက်ကြဘဲ သတိဖြင့်နေထိုင်နေကြ၍ဖြစ်ကြောင်း ဖားကန့်မြို့ခံက ပြောသည်။

KIA စစ်ရေးသတင်းများဖော်ပြနေသည့် ကချင်သတင်းရင်းမြစ်တစ်ခုကလည်း ယမန်နေ့ည ၆နာရီ ၁၅ မိနစ်ခန့်က ဖားကန့်မြို့ ဖားကန့်တပ်မကုန်းမှ ဧည့်စာရင်းစစ်ရန်ထွက်လာသော တပ်မ (၃၃)တပ်ဖွဲ့ဝင် များအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တပ်မဟာ (၉)အမှတ် (၆)တပ်ရင်းတပ်ဖွဲ့များက ကလပ်ကုန်း Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ၎င်း၏ ရေးသားဖော်ပြချက်များသည် အများအားဖြင့် KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည့် စစ်ရေးသတင်းများနှင့် နီးစပ်မှုရှိသည့် ဖော်ပြချက်များ ဖြစ်သည်ကို ယခင်သတင်းများ၌ တွေ့ရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၅ဦးပွဲချင်းပြီး သေဆုံးပြီး ၇ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရေးသားထားသည်။

ဖားကန့်မြို့နယ် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။