Connect with us

Hi, what are you looking for?

သတင်း

တစ်ရက်တည်း ၄ ကြိမ်အထိ လေကြောင်းတိုက်ခံရပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူထံမှ သိရသည်။

တစ်ရက်တည်း ၄ ကြိမ်အထိ လေကြောင်းတိုက်ခံရပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်
တစ်ရက်တည်း ၄ ကြိမ်အထိ လေကြောင်းတိုက်ခံရပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ(၃)အတွင်းရှိ ကျေးရွာ(၃)ရွာကို စစ်တပ်က တစ်ရက်တည်း လေကြောင်းကနေ (၄)ကြိမ်အထိ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟု KNU က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂ ရက် ညနေ စော်သဲခီးကျေးရွာအုပ်စု၊ ကဟီးဒေးကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ လယ်ဝါးကျေးရွာအုပ်စု လယ်ဝါးကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် ကွီးလာကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် စုစုပေါင်းလေးကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူက ဆိုပါသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် ဇလုပ်ကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ ခမရ(၅၉၈)တပ်က လက်နက်ကြီးလက်နက်ငယ်များ ထပ်မံပစ်ခတ်ခဲ့သလို ဒီဇင်ဘာလသုံးရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်က ယင်းကျေးရွာထဲသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူထံမှ သိရသည်။

Public Service Announcement
Public Service Announcement

ကေအဲန်ယူ-လယ်ဒိုနဲ့ ဆောထိမြို့နယ်အတွင်းတွင် ပြီးခဲ့သော နိုဝင်ဘာလ(၁၂)ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က စစ်ကောင်စီ၏ တပ်စခန်း(၃)လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူလူထုကိုပစ်မှတ်ထားပြီး ပြည်သူလူထုနေထိုင်သော ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို အဆက်မပြတ်ပြုလုပ်လျက်ရှိသည်ဟု ကေအဲန်ယူက ပြောဆိုထားသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ဆောထိ(ရွှေကျင်) မြို့နယ်၊ မူး(မုန်း)မြို့နယ်များအတွင်းရှိ ပြည်သူလုထု(၁၀၀၀၀၀)ကျော်သည် ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး ပြည်သူလုထုပေါင်း (၂၀၀၀၀) ကျော်လည်း ယနေ့အချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။