Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ

လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းကစပြီး TNLA တပ်မဟာ (၂ ) စစ်ဒေသ ၊နမ့်ဆန်မြို့နယ် ၊ကုန်းသာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေဟာ ၁၄၀၀ ကျော်ထိ ရှိလာပြီနေလို့ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဒီလူဦးရေစာရင်းဟာ ဒီဇင်ဘာလ ၇ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အတွင်းကောက်ယူထားတဲ့စာရင်းဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ

စစ်ဘေးရှောင်တွေဟာ နမ့်ဆန်မြို့ပေါ်ကိုထွက်ပြေးလာတာဖြစ်ပြီး အိမ်ထောင်စု ၄၀၀ နီးပါးရှိပါတယ်။

လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းကစပြီး TNLA တပ်မဟာ (၂ ) စစ်ဒေသ ၊နမ့်ဆန်မြို့နယ် ၊ကုန်းသာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။

Public Service Announcement

Public Service Announcement

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို ဒါဇင်နဲ့ချီပြီး ပြုလုပ်ခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ထားပါတယ်။

တိုက်ပွဲတွေကြောင့် နမ့်ဆန်မြို့နယ်အတွင်းက စစ်ဘေးရှောင်လာရတဲ့ပြည်သူတွေဟာ ကုန်းသာ၊ မန်လုံး၊ ဟူးမန်း၊ ဆာမ်ငမ်၊ ပန်အလောက်နဲ့ ပိန်းလုံကျေးရွာတွေ က ဒေသခံတွေဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိရှိလာ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာဟာ အိမ်ခြေ ၅၀ ခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။

နမ့်ဆန်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ၊ အစား အသောက်၊ စောင်နဲ့ အဝတ်အထည်တို့ အဓိကလိုအပ်ချက်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။