Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်​တော်တို့ဆီမှာအာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲမရှိတာ မဟုတ်ဘူး။ တိုက်ပွဲကတော့ ရှိတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲကတော့မရှိဘူးပေါ့”

ငါးရက်ဆက်ပြင်းထန်စွာဖြစ်ပွား​သောတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကို People’s Spring ကဆက်သွယ်မေးမြန်းထာသည်ကိုဖော်ပြလိုက်ပါသည်။

(TNLAသတင်းနှင့်ပြန်ကြားရေးဌာနမှူးဒုဗိုလ်မှူးကြီးတားအိုက်ကျော်။ ။ဓါတ်ပုံ- TNLA)
(TNLAသတင်းနှင့်ပြန်ကြားရေးဌာနမှူးဒုဗိုလ်မှူးကြီးတားအိုက်ကျော်။ ။ဓါတ်ပုံ- TNLA)

▪︎TNLAသတင်းနှင့်ပြန်ကြားရေးဌာနမှူးဒုဗိုလ်မှူးကြီးတားအိုက်ကျော်နှင့်မေးမြန်းခန်း

ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့နယ်ရှိတအာင်းတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက် မွန်းလွဲပိုင်းမှာ လေကြောင်းမှ စစ်အင်အားများချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ငါးရက်ဆက်ပြင်းထန်စွာဖြစ်ပွား​သောတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကို People’s Spring ကဆက်သွယ်မေးမြန်းထာသည်ကိုဖော်ပြလိုက်ပါသည်။

​မေး-နမ့်ဆန်တိုက်ပွဲ တိုက်ပွဲဖြစ်ချိန်ကနေ ဒီနေ့အထိ အခြေအတွေကို ရှင်းပြပေးပါလား

Public Service Announcement

Public Service Announcement

​ဖြေ-အချုပ်ပြောရမယ်ဆိုရင် နမ့်ဆန်တိုက်ပွဲဖြစ်စဉ်က ၇ရက်နေ့၊နေ့လည် ၂နာရီခွဲလောက်မှာစစ်တပ်ဘက်ကရဟတ်ယာဉ် ၅စီးနဲ့ အခုတိုက်ပွဲဖြစ်ပွားတဲ့ ကုန်းသာ၊ ဟူးမန်းရွာနားတစ်ဝိုက် ၃နေရာလောက် အဲဒီမှာ လူလာချတယ်။ လူလာချနေတဲ့အချိန် ကုန်းသာရွာမှာအဆင်သင့်ရှိနေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ စတင်ပြီး ထိတွေ့တိုက်ခိုက်မှု တိုက်ပွဲ စဖြစ်တာ။ တိုက်ပွဲကတော့ အဲဒီကနေစပြီး ၁၁ရက်နေ့ ညသန်းခေါင်ကျော်အထိ တောက်လျှောက် နေ့ရော ညရော ဖြစ်ပွားတာ ဖြစ်တယ်။၁၁ရက်နေ့ ည သန်းခေါင်ကျော်ကနေ ဒီနေ့အထိက တိုက်ပွဲက ပြန်ငြိမ်သွားတာပေါ့။ အဲဒီတိုက်ပွဲဖြစ်ဖြစ်ခြင်းပဲနမ့်ဆန်ဘက်ရောမန်တုံဘက်ရောလက်နက်ကြီးပစ်ကူပေးတယ်။ ပေးတော့ နေ့ရော ညရော ကျနော်တို့ မှတ်ထားသလောက် အကြိမ် ၄၀ကျော်လောက်ရှိတယ် ဆက်တိုက်ပစ်တာ။အဲဒီလိုပဲ တိုက်ပွဲစဖြစ်ပြီးနာရီပိုင်းအတွင်းလေကြောင်း တိုက်ခိုက်မှု စတင်တာပေါ့။လေကြောင်း တိုက်ခိုက်မှုလည်း နေ့ရော ညရော ဆက်တိုက်ဖြစ်ပွားတာဖြစ်တယ်။ ဆက်တိုက်ပစ်ခတ်မှုတွေပြုလုပ်တာလေကြောင်း တိုက်ခိုက်မှုကတော့ ၇ရက်နေ့ကနေ မနေ့(ဒီဇင်ဘာ ၁၃ရက်)ကအထိ ပေါ့။ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေလည်း ၄၀ကျော်လောက်ရှိတယ်။ ၁၁ရက်နေ့မှာလည်း ကြဲချရှိတယ် ပစ်ခတ်မှုရှိတယ်။ ညပိုင်းမှာလည်းရှိတယ်။ ၁၂ရက်နေ့မှာတော့ နေ့လည်ပိုင်းမှာ ၄နေရာလောက် ပြန်ပြီး တိုက်ခိုက်မှုတွေရှိတယ်။ လက်နက်ကြီးလည်း ပစ်ခတ်မှုလည်း မနေ့ကရှိတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားမှု မဟုတ်တဲ့နေရာပေါ့ မိုးမိတ်ဘက်ခြမ်းပေါ့ ရေပုံးကျေးရွာ ပတ်ဝန်းကျင်မှာတော့ပစ်ခတ်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့ကတော့ ငြိမ်နေတာပေါ့။တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းသာရွာမှာတော့လူနေအိမ်၅ အိမ်မီးလောင်သွားတာရှိတယ်။ဘာသာရေးအဆောက်အဦဆွမ်းစားဆောင်တစ်လုံးမီးလောင်တာရှိတယ်။ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးမှုတွေရှိတယ်။ စာသင်ကျောင်းထိခိုက်ပျက်စီးမှုတွေရှိတယ်။ ကျေးရွာမှာက အိမ်ခြေ ၆၀လောက်ရှိတာ ကျေးရွာ တစ်ရွာလုံးလိုလို ကတော့ လက်နက်ကြီး ကျည်ထိမှန်တာရှိတယ်။ တချို့က လုံး၀ ပျက်စီးသွားတယ်။ တချို့က မပျက်စီးဘဲ ထိမှန်တာရှိတယ်။ အဲဒီ ကုန်းသာရွာအပြင် ဟူးမန်းရွာမှာလည်း လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ် ၁၀နီးပါးလောက် ကျည်ဆံထိမှန်တာပေါ့။ ရွာသားတွေကတော့ ၅ရွာပေါ့။ ကုန်းသာရွာက တစ်ရွာလုံးထွက်ပြေးသွားရတယ်။ ဟူးမန်း၊ မန်လုံ၊ ပန်အလောက်၊ပိန်းလုံ အဲဒီမှာတော့ ထွက်ပြေးသွားတယ်။ ထွက်ပြေးပြီး စစ်ဘေးရှောင်တာကျွန်​တော်တို့ရတဲ့ သတင်းအရ နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အရပ်ဘက်ထိခိုက်မှုကတော့လက်နက်ကြီးထိမှန်လို့လောလောဆယ်တော့ ကုန်းသာရွာမှာတစ်ယောက်ဒဏ်ရာရထားတာရှိတယ်။သာမန်ဒဏ်ရာပေါ့။တိရိစ္ဆာန်ထိခိုက်မှုကမြင်းတစ်ကောင်သေသွားတာရှိတယ်။

​မေး-အာဏာသိမ်းပြီးနောက်ပိုင်းမှာ TNLA တိုက်ပွဲဖြစ်ပွားမှု နည်းသွားတဲ့အခြေအနေမှာ အခုလို တိုက်ခိုက်လာတဲ့အပေါ်ရှင်းပြပေးပါလား

​ဖြေ-ကျွန်​တော်တို့ဆီမှာအာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲမရှိတာ မဟုတ်ဘူး။ တိုက်ပွဲကတော့ ရှိတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲကတော့မရှိဘူးပေါ့။ဒီပွဲ ပြင်းထန်တာက ဒီတစ်ကြိမ်ဖြစ်တာပေါ့။

​​မေး-အခုလို လေကြောင်း စစ်ချီပုံစံမျိုးနဲ့ ထိုးစစ်ဆင်လာတာ ဘာကြောင့်လို့ သုံးသပ်ရပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ဘာကြောင့်ထိုးစစ်ဆင်လာလဲ ဘာကြောင့် လာတိုက်ခိုက်လဲဆိုတဲ့ သူတို့ ရည်ရွယ်ချက်က ကျွန်​တော်တို့ မသိရဘူးပေါ့နော်။ သေချာတာကတော့ ကျနော်တို့ ရှိတဲ့နေရာကို သူတို့ လာရောက်လူချပြီးမှ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီဟာကလည်း ပြန်ကြည့်မယ်ဆိုရင် အရင်ကတည်းကလည်း ဒီအတိုင်းပါပဲ။ ဒီစစ်အာဏာရှင်တွေက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအပေါ်မှာလာတိုက်ခိုက်နေတာဒီလိုပဲတွေ့ရတာပေါ့။

​မေး-နေ့ည တိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုတဲ့အခြေအနေမှာ ထိခိုက်ကျဆုံးအခြေအနေတွေ ပြောပြပေးပါလား

​​​ဖြေ-ထိခိုက်ကျဆုံးမှုကတော့ ရှိတော့ရှိတယ်။ဒါပေမဲ့အသေးစိတ်ကတော့ ကျွန်​တော်တို့ မသိရသေးဘူး။

​မေး-မနေ့ညကတော့ ရှမ်းသတင်းဌာနတစ်ခုက ဓာတ်ပုံတွေနဲ့အတူ ဖော်ပြတာပေါ့။ ကုန်းသာဘုန်းကြီးကျောင်းထဲမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ ရတာမျိုးတွေ့ရတယ်။ အဲဒါကရော အတည်ပြုလို့ရပါသလား ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရပါသလား

​​ဖြေ-အဲဒါကတော့ သူတို့ ဘယ်ကနေ ယူပြီး ဘယ်လိုမျိုးလုပ်ပြီး ဓာတ်ပုံတွေတင်လည်းကျနော်တို့ မသိဘူး။ ကျွန်​တော်တို့ဘက်ကတော့ဘာမှ အသေးစိတ်မသိရသေးဘူး။

​မေး-တချို့ရေးကြတာလည်းရှိပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့် မှားယွင်းဗုံးကြဲမိလို့ ၊ဝိုင်းပိတ်ဆို့တိုက်ခိုက်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးတယ်ဆိုတာမျိုးတွေတွေ့ရပါတယ်ဒီသတင်းတွေရရှိပါသလား။

​ဖြေ-အဲဒီသတင်းကကျွန်​တော်တို့မသိရဘူး။

​မေး-အခုနမ့်ဆန်မှာ တိုက်ပွဲဖြစ်တော့ တခြား TNLA တပ်ရှိတဲ့နေရာတွေက စစ်ရေးအခြေအနေတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲဗျ။

​ဖြေ-စစ်ရေးပြင်ဆင်မှုကတော့ လုပ်ကြတာပေါ့။ ၁၁ရက်နေ့မှာမန်တုံဘက်ရောနမ့်ဆန်ဘက်ရောလေကြောင်းနဲ့လူအင်အားနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းပြီး လာတာတော့ တွေ့ရတယ်။ ဒါပေမဲ့ အဲဒီ ဒေသမှာ သွားရောက်ပြီး စစ်ကူပေးတာတော့ မတွေ့ရသေးဘူး။

​မေး-TNLA အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တော့အခုဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့အဖွဲ့အစည်းရဲ့ သဘောထားဘယ်လိုရှိပါသလဲ။

​​ဖြေ-ဒီဟာကကျွန်​တော်တို့အတွက်တော့ နွေဦးလို့တော့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်​တော်တို့ တိုက်ခိုက်လာတာ ကျနော်တို့တော်လှန်ရေးစဖြစ်ကတည်းကတိုက်ပွဲဖြစ်ပွားလာတာနှစ်ပေါင်း၅၀ကျော်ရှိပြီ။ဒီအာဏာရှင်တွေနဲ့ တိုက်ပွဲဖြစ်တာ တော်လှန်တိုက်ခိုက်နေတာ။ တိုက်ပွဲဖြစ်ပွားမှုက အရင်ကတည်းကလည်း တိုက်ခိုက်နေတာ။ တောက်လျှောက်ပေါ့နော်။ကြားမှာ ငြိမ်းချမ်းရေးယူတဲ့ ကာလမှာတော့ တိုက်ပွဲမရှိဘူးပေါ့နော်။ ဒီနောက်ပိုင်းမှာ ပြန်ပြီး ဖြစ်ပွားတာဖြစ်ပါတယ်။ ကျန်တဲ့အပေါ်မှာတော့ ဘာမှ အထက်ကညွှန်ကြားတာမရှိသေးတဲ့အတွက်အဲဒီလိုတော်လှန်ရေးနဲ့ ဘယ်လိုဆက်စပ်မလဲဆိုတာ ကျနော်တော့မသိဘူးပေါ့နော် ပြောလို့လည်းမရသေးဘူးပေါ့နော်။ဘာမှလည်း ညွှန်ကြားမှုမရှိသေးဘူး။

​မေး-နမ့်ဆန်တိုက်ပွဲ ရှေ့အလားအလာနဲ့ပတ်သက်ပြီး ဘာတွေဖြည့်စွက်ပြောကြားလိုပါသလဲ။

​​ဖြေ-ထူးထူးခြားခြားမရှိပါဘူး။