Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထုတ်ပြန်သကဲ့သို့ တအာင်းတပ်မတော်နှင့် NUG-PDF တို့၏ လက်နက်များ သိမ်းဆည်း ခံရမှုမရှိဟု TNLA ထုတ်ပြန်ရှင်းလင်း

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ

▪︎လေကြောင်းစစ်ဆင်ရေးမှာတအာင်းဒေသကိုဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်၍တော်လှန်ရေးသတိရှိရန်အသိပေး

▪︎ကုန်းသာတိုက်ပွဲ စစ်ကောင်စီတပ်အများအပြားသေဆုံးပြီး အရှင်ဖမ်းဆီးခံရသူများရှိ၊ TNLA အရာရှိ အချို့နှင့် ရဲဘော်များ ကျဆုံးခဲ့ဟု ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာနှင့်အနီးတဝိုက်အား တိုက်ခိုက်ခဲ့သည့် စစ် ကောင်စီတပ်၏ လေကြောင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီက သတင်းထုတ်ပြန်သကဲ့သို့ တအာင်တပ်မတော်(TNLA)၏လက်နက်များသော်လည်းကောင်း၊ NUG-PDF၏လက်နက်ပစ္စည်းများ သော်လည်းကောင်းသိမ်းဆည်းခံရခြင်း၊ဆုံးရှုံးပျက်စီးခြင်းမရှိဟု TNLAက ယ​နေ့ထုတ်ပြန်ရှင်းလင်းသည်။

ဒီဇင်ဘာ ၇ရက်တွင် ရဟတ်ယာဉ် ၅စီးဖြင့် စစ်အင်အားချပြီး TNLA တပ်စခန်းအနီး ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ၅ရက်ဆက်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် စစ်ကောင်စီတပ်က သတင်း ထုတ်ပြန်ရာတွင် TNLA နှင့် နားလည်မှု လွဲပြီး ပစ်ခတ်မှု အချို့သာ ဖြစ်ခဲ့ပြီး PDFများထံမှ လက်နက်များ ရရှိဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနများ၌ ဖော်ပြခဲ့သည်။

Public Service Announcement
Public Service Announcement

ယင်းဖြစ်ရပ်အပေါ် TNLAက ယနေ့မွန်းလွဲပိုင်း၌ရှင်းလင်းချက်ထုတ်ပြန်ရာ စစ်ကောင်စီ၏ စကခ(၂၁)တပ်ဖွဲ့များသည်TNLA တပ်ရင်း (၄၃၄) တပ်စခန်းများသို့ ရဟတ်ယာဉ် ၅စီးဖြင့် စီးနင်းဝင်ရောက်လာ၍ ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၃ရက်ထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲ ကာလအတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ၂၈ကြိမ်၊ တိုက်ခိုက်ရေးဂျက်လေယာဉ်ဖြင့် ၃၂ကြိမ်၊ မန်တုံ နှင့် နမ့်ဆန်မြို့မှ လက်နက်ကြီး ပစ်ကူ ၃၈ကြိမ် ပြုလုပ်ကာထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းအ​သေးစိပ်ဖော်ပြထားသည်။

ကုန်းသာရွာနှင့် ဟူးမန်းရွာသို့ စီးနင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို အပြင်းအထန် ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များကို ကုန်းသာရွာတွင် ၅ရက် တိုင် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ပြန်လည်ကယ်ဆယ်နိုင်ရန် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြီး ၁၂လုံးကိုပင် အသုံးပြု ကြဲချခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကုန်းသာရွာတွင် ပိတ်ဆို့ခံရပြီး အသက်ရှင်ကျန်ရစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေကြောင်းပစ်ကူကြောင့် ဖောက်ထွက် လွတ်မြောက်နိုင်ခဲ့ပြီး ကျန်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ မိုးမိတ်မြို့ဘက်သို့ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

လေကြောင်း စစ်ဆင်ရေး ပြုလုပ်လာသည့် စစ်ကောင်စီတပ်ကို TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခြင်း၊ အသက်ရှင်လျက် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် မည်မျှသေဆုံးပြီး အရှင်ဖမ်းမိသူ မည်မျှရှိသည်ကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်ထံမှ စက်သေနတ်များအပါအဝင်လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း TNLA အရာရှိ တချို့ နှင့် တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရပြီး လေကြောင်းနှင့် လက်နက်ကြီး ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် TNLA၏ ထုတ်ပြန်ချက်၌ ကျဆုံးထိခိုက်မှု အရေအတွက်ကို ဖော်ပြမထားပေ။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံးရွာများမှ နေအိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များ မီးလောင်ပျက်စီးခြင်း၊ လက်နက်ကြီးထိမှန်ပျက်စီးခြင်းများ ဖြစ်ခဲ့သည်ဟုဆိုသည်။

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကိုင်း၊မကွေး၊ကရင်၊ကရင်နီ စသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ ဒေသခံ ပြည်သူများအား လေကြောင်း စစ်ဆင်ရေး အင်အား အလွန်အကျွံ အသုံးပြုပြီးအလုံးစုံ ပျက်သုဉ်းရေးလုပ်ဆောင်နေသည့် စစ်ကောင်စီသည် တအာင်းဒေသကိုလည်း ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေ၍ တအာင်း ဒေသ ပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် ခုခံတော်လှန်ကြရန် TNLAကတိုက်တွန်းသည်။

ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးမှ တာဝန်ရှိသူကလည်းစစ်ကောင်စီအနေဖြင့် မည်ကဲ့သို့လိမ်ညာသတင်းထုတ်ပြန်သည်ဖြစ်စေ တိုင်းရင်းသားများအနေဖြင့် ယုံကြည်မည်မဟုတ်ကြောင်း ၊ စစ်ကောင်စီအနေဖြင့် တပ်ပျက်နေပြီဟို ဆိုနိုင်ကြောင်း မှတ်ချက်ပြုသည်။

“စစ်ကောင်စီကအရှုးချီးပန်းဖြစ်နေတာတော့ အမှန်ပဲ။သူတို့က တိုင်းရင်းသားတွေနဲ့လည်း ‌ရွှေလမ်း၊ငွေလမ်းကလည်းဖောင်ချင်၊ ပြီးရင်လည်း သူတို့ကနဂါးမှန်းသိအောင်အမောက်ကလည်းထောင်ပြချင်။ ထောင်ပြတဲ့ အမောက်ကလည်း ဟန်ကျတဲ့အမောက်မဟုတ်တော့ ဟိုဘက်ကလည်း ခေါင်းပုတ်၊ဖင်ပုတ်ပြန်လုပ်တဲ့အခါကြတော့ ရှက်ကလည်း ရှက်ပေါ့။ အဲလိုဖြစ်နေတဲ့ အနေအထားပဲ”ဟု အထက်ပါတာဝန်ရှိသူက​သုံးသပ်ပြောသည်။

“ ဘုံရန်သူဖြစ်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီးတော့မှ ကျွန်တော်တို့အားလုံး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်နယ်နဲ့ပေါ့နော် အားလုံး လွတ်လပ်တဲ့ ဖက်ဒရယ်ပုံစံကိုရအောင်လို့ ပုံဖော်ကြတာ ဒီအချိန်က အကောင်းဆုံးအချိန်ပဲ။ ဒါ့ကြောင့် သက်ဆိုင်ရာတွေက သူကျွမ်းကျင်တဲ့ အပိုင်းအလိုက် တိုက်ခိုက်မှုတွေကတော့ လုပ်နေမှာပဲ” ဟုလည်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးမှ တာဝန်ရှိသူက ပြောသည်။

“သူတို့(စစ်တပ်)ဘက်က ဘာပဲလုပ်လုပ် တိုင်းရင်းသားတွေကတော့ သူတို့ကို အရင်တုန်းက ယုံကြည်ခဲ့ရင်တောင်မှ ခုတော့ ယုံစရာတစ်ကွက်မှ မရှိတော့တဲ့ စစ်ကောင်စီဆိုတော့ ‌မြေပြင်မှာတော်တော်လေး ပျက်နေပြီပေါ့နော်။ ကျွန်တော်တို့ ပြည်သူလူထုထပ်ပြီးတော့ တောင့်ခံနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေရော၊ မဟာမိတ်တွေရော အကုန်လုံးပေါ့လေ အောင်ပွဲက သိပ်မကြာလောက်တောပါဘူး”ဟုအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။