Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းသာတိုက်ပွဲ TNLA နှင့် နားလည်မှုလွဲပြီးပစ်ခတ်မှုအချို့သာဖြစ်ခဲ့ပြီး PDFများထံမှလက်နက်များ ရဟုစစ်ကောင်စီလိမ်လည်ထုတ်ပြန်

TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကမူ နမ့်ဆန်မြို့နယ် ကုန်းသာတိုက်ပွဲ၌ TNLA တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ပါဝင်ကြောင်း၊ အဆိုပါဒေသ၌ TNLA တစ်ဖွဲ့တည်းသာ ရှိကြောင်း တိုက်ပွဲကာလအတွင်းက People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ

▪︎TNLA နှင့်၅ရက်ဆက် မြေပြင်တိုက်ပွဲဖြစ်ပြီးသေဆုံးရဲဘော်အလောင်းများပင် မရှင်းနိုင်ဘဲ အထိနာခဲ့သော်လည်း အောင်ပွဲရရှိခဲ့ဟန်ဝါဒဖြန့်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်စခန်းရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များ သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ ၅ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး​နောက် TNLA နှင့် နားလည်မှုလွဲပြီး ပစ်ခတ်မှု အချို့သာရှိခဲ့ခြင်းဖြစ်ပြီး ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံမှလက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်းစစ်ကောင်စီကလိမ်ညာသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၇ရက် မွန်းလွဲပိုင်း၌ ရဟတ်ယာဉ် ၅စီးဖြင့် ကုန်းသာရွာနှင့်အနီးသို့ ရုတ်တရက်စစ်အင်အားများချကာ ထိုးစစ်ဆင်လာ၍ TNLA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကပြောသည်။ ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ နေ့​ရောညပါတိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာခဲ့သည်။စစ်​ကောင်စီတပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ဖြင့် အကြိမ် ၄၀ကျော် လာ​ရောက်ပစ်ခတ်သကဲ့သို့ နမ့်ဆန်နှင့် မန်တုံ မြို့နယ်တို့မှ လက်နက်ကြီး ပစ်ကူများ ပေး၍ တိုက်ခိုက်ခဲ့ကြောင်းဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကPeople’s Springသို့​ပြောသည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့်စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ

သို့ရာတွင် စစ်ကောင်စီက၎င်းတို့၏ ဝါဒဖြန့် သတင်းဌာများမှတစ်ဆင့် ဒီဇင်ဘာ ၁၇ ရက်ညတွင်သတင်းထုတ်ပြန်ရာ၌ TNLA နှင့် နားလည်မှု လွဲကာ ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့မှုအပေါ် TNLA အားရှင်းလင်း အသိပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် PDFများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြခဲ့သည်။ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာနားလည်မှုလွဲခြင်းသာဖြစ်ကြောင်း စစ်ကောင်စီတပ်ကထုတ်ပြန်သည်။

ထို့အပြင်သေနတ်များ သိမ်းဆည်းရရှိခဲ့မှုနှင့် စစ်ကောင်စီတပ်သားများ အောင်ပွဲခံနေသည့် ဓာတ်ပုံကိုပါ ဖော်ပြကာ စစ်ကောင်စီတပ်ကအောင်ပွဲရရှိခဲ့ဟန် ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ခဲ့​သော ဓါတ်ပုံ။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ခဲ့​သော ဓါတ်ပုံ။ဓါတ်ပုံ-စစ်​ကောင်စီ

TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကမူ နမ့်ဆန်မြို့နယ် ကုန်းသာတိုက်ပွဲ၌ TNLA တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ပါဝင်ကြောင်း၊ အဆိုပါဒေသ၌ TNLA တစ်ဖွဲ့တည်းသာ ရှိကြောင်း တိုက်ပွဲကာလအတွင်းက People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသ မြေပြင်သို့ ရောက်ရှိပြီး သတင်းများ ဖော်ပြနေသည့် တအာင်းသတင်းဌာနရွှေဖီမြေက​ဖော်ပြရာတွင် စစ်ကောင်စီတပ်သည် ကုန်းသာရွာအနီးရှိ TNLA တပ်စခန်းကို သိမ်းယူပြီး လက်နက်ရှိသည်ဟု ယူဆရသည့် ဂိုဒေါင်မှ လက်နက်များယူပြီး ရဟတ်ယာဉ်ဖြင့် သယ်ရန် စီစဉ်ခဲ့သော်လည်း TNLA တပ်က ပစ်ခတ်တိုက်ခိုက်၍စစ်ကောင်စီတပ်၏ အစီအစဉ်ပျက်ခဲ့သည်ဟု​ပါရှိသည်။

စစ်ကောင်စီတပ်သည် TNLA က လျှို့ဝှက် သိမ်းဆည်းထားသည့် လက်နက်အချို့ကို သိမ်းဆည်းရရှိသွားကြောင်း၊ သို့ရာတွင်သယ်ယူရန် အခက်အခဲရှိ၍ လက်နက်ခဲယမ်းများကို ဖျက်ဆီးသွားကြောင်း​ရွှေဖီ​မြေကဖော်ပြထားသည်။ကနဦးတွင် စစ်ကောင်စီတပ်သည် ရရှိထားသည့် လက်နက်များကို ရဟတ်ယာဉ်ဖြင့်သယ်ယူရန်လုပ်ခဲ့သော်လည်း ၎င်းတို့၏ လူကိုပင် ပြန်ကယ်ထုတ်မရသည့် အခြေအနေဖြစ်ခဲ့သည်ဟု လည်းသိရသည်။

စစ်ကောင်စီတပ်သားများ ကုန်းသာရွာမှ မိုးမိတ်ဘက်သို့ ပြန်လည် ဆုတ်ခွာစဉ် TNLAက လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းထက်မနည်းကို တွေ့ရှိခဲ့ကြောင်း TNLA တပ်သားများကို ကိုးကားပြီး ရွှေဖီမြေက ဖော်ကြထားသည်။ ထို့ပြင် စစ်ကောင်စီတပ်သား ၂ဦး အရှင်ဖမ်းမိခဲ့သည်ကို အတည်ပြုနိုင်သည်ဟုပါရှိသည်။

ကုန်းသာတိုက်ပွဲသတင်းဓာတ်ပုံများ၌လည်း ကုန်းသာဘုန်းကြီးကျောင်းဝင်းအတွင်း တန်းစီချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း​သော အလောင်းများကို တွေ့ရပြီး TNLAကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကိုလည်း တွေ့ရသည်။ အဆိုပါအလောင်းများကို TNLA

တပ်ဖွဲ့ဝင်များက ရှင်းလင်းနေသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများလည်းတွေ့ရသည်။

“စကစက အရေးပေါ် ပြန်ဆုတ်သွားတော့ TNLA ဘက်က ရှင်းသွားတဲ့ ပုံစံမျိုးတွေ့ရတယ်။ တချို့အလောင်းတွေ စကစက မြေမြှုပ်သွားတာတော့ရှိတယ်” ဟု တိုက်ပွဲဖြစ်ပွားရာနယ်မြေသို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ ဖြေကြားသည်။

ကုန်းသာတိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ဘက်က သတင်းမီဒီယာများသို့ ဖြေကြားရာ၌ နှစ်ဖက် ထိခိုက်ကျဆုံးရှိသည်ဟုသာ ဖြေကြားပြီး အသေးစိတ် အခြေအနေများကို ပြောဆိုခြင်းမပြုပေ။

“တိုက်ပွဲကလည်း ဘယ်လိုအခြေအနေမျိုးကြောင့် ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်ဖက်နဲ့ တစ်ဖက်က သတင်းအချို့ကို ထိန်ချန်ထားတာမျိုးတွေ့ရတယ်။အသေးစိတ်မသိရဘူးဖြစ်နေတယ်။ မြေပြင်အခြေအနေလောက်ပဲ ကျနော်တို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏လိမ်ညာသတင်းထုတ်ပြန်မှုနှင့်ပတ်သတ်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာနမှူးဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံ ယနေ့ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

သတင်းဌာနများက​TNLA နှင့်​မြေပြင်အ​ခြေအ​နေများကိုသတင်းရယူ​ဖော်ပြမှု​ကြောင့် အဖြစ်မှန်ကို ပြည်သူအများစုကိုသိ​သော်လည်း စစ်​ကောင်စီက ၎င်းတို့​ထောက်ခံ​နေသူများစိတ်ဓါတ်မကျ​စေရန် သတင်းလည်လည်ထုတ်ပြန်ခြင်းဖြစ်နိုင်​ကြောင်း စစ်​သတင်းများရယူ​ဖော်ပြ​ပေး​နေ​သောသတင်း​ထောက်တစ်ဦးက​ပြောသည်။ဒီဇင်ဘာလအတွင်းKNUတပ်မဟာ(၅)နယ်​မြေတွင်KNLAက စစ်​ကောင်စီတပ်စခန်းများစွာကိုတစ်ချိန်တည်းတိုက်ခိုက်သိမ်းပိုက်ခြင်း ၊TNLA နှင့်ကုန်းသာတိုက်ပွဲတို့တွင်စစ်​​ကောင်စီတပ်မှ ​လေ​ကြောင်းအသုံးပြုခဲ့​သော်လည်း အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။