Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ် ထောက်ရှာပင်ရွာကို စစ်အုပ်စုမီးရှို့၍ နေအိမ် ၂၀ပြာကျ

ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ ထွက်လာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထောက်ရှာပင်ရွာအတွင်းမီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-We Love Myaing
ထောက်ရှာပင်ရွာအတွင်းမီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ်အလုံး ၂၀ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြော သည်။

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်ညက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ် အလုံး ၂၀မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ ထွက်လာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိလက်ခုပ်ပင်ရွာ၊ မြင်းကိုးသစ်ရွာများမှ တဆင့်ဝါးရင့်ချိုင်ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။