Connect with us

Hi, what are you looking for?

သတင်း

CDF-KKG ကတိုက်ခိုက်ရန်ချဥ်းကပ်စဥ် စစ်သားများ​သေနတ်ထားထွက်​ပြေး၍​သေနတ်နှင့်ကျည်များရရှိ

ယနေ့( ဒီဇင်ဘာ ၂၄ရက်)နံနက် ၁ဝ နာရီခွဲခန့်တွင် ကလေးမြို့တာဟန်းမီးပွိုင့်ဂိတ်ကိုချင်း​ဒေသကာကွယ်​ရေးတပ်( က​လေး၊က​ဘော်၊ဂန့်​ဂေါ) CDF – KKGမှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရန် ချဥ်းကပ်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကိုထားခဲ့ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)

ကလေးမြို့တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကြောက်လန့်ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ထံမှသေနတ်တစ်လက်နှင့်ကျည်ဆန်များသိမ်းဆည်းရရှိကြောင်း CDF – KKG က သတင်းထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာ ၂၄ရက်)နံနက် ၁ဝ နာရီခွဲခန့်တွင် ကလေးမြို့တာဟန်းမီးပွိုင့်ဂိတ်ကိုချင်း​ဒေသကာကွယ်​ရေးတပ်( က​လေး၊က​ဘော်၊ဂန့်​ဂေါ) CDF – KKGမှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရန် ချဥ်းကပ်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကိုထားခဲ့ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

“တာဟန်းမီးပွိုင့်ဂိတ်အား စီးနင်းပစ်ခတ်ရန် ချဉ်းကပ်လာသည့် မိမိတို့ CDF – KKG တပ်ဖွဲ့အား မူးယစ်သောက်စားနေကြသည့် စကစတပ်သားများ မြင်တွေ့ပြီးနောက် ကြောက်လန့် ထွက်ပြေးသွားကြသဖြင့် ၎င်းတို့ ကျန်ရှိခဲ့သည့် M.A.2. အားလွယ်လင့်တကူ သိမ်းဆည်းနိုင်ခဲ့သည်”ဟု CDF – KKGကထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)

စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 2 တစ်လက်၊ကျည်ဘောက် တစ်ခုနှင့် ၅.၅၆ ကျည်တောင့် ၆ဝခန့် သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်များ အဆိုပါနေရာမှ ဆုတ်ခွာပြီး​နောက် စစ်ကောက်စီအင်းအား ၃၀ခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ရမ်းပစ်၍ ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟုလည်းသိရသဖြင့် များစွာစိတ်မ​ကောင်း​ကြောင်းလည်းCDF – KKGကအသိ​ပေးသည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များမှာ ​အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

အလားတူမန္တလေးတိုင်း ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်တွင်လည်းဒီဇင်ဘာလ ၂၃ရက်က ငါ့သရောက်မြို့နယ် လျှပ်စစ်မီတာရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ ကဝင်ရောက်စီးနင်းစဥ်စစ်ကောင်စီ ဝန်ထမ်းများက ပြန်မခုခံဘဲ အန္တရာယ် မပြုရန် တောင်းပန်သဖြင့် လက်နက်ကိုသိမ်းယူကာ ဝန်ထမ်းများ CDM လုပ်ရန် သတိပေးခဲ့ကြောင်း ညောင်ဦး ခရိုင် PDF တပ်ရင်း(၅) က MFP သတင်းဌာနကထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​ာCDF(KKG)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF)

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။