Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ် ဧရာဝတီမြစ်ဘေးရွာများအား စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့နေ

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj
မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးအနီးရှိ ဧရာဝတီမြစ်ဘေးကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အကြောင်းမဲ့ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၃၃)သည် ယမန်နေ့ နံနက် ၈နာရီကျော်ခန့်က စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစခန်းမှတဆင့် အင်အား ၄၀ခန့်ဖြင့် ကိုင်းပြင်နှင့် မြင်းဆည်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းဝင်လာ၍ ဧရာဝတီမြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ထားဝယ်တဲမြောက်ဘက်၊ တာတိုင်ရွာထိပ်ဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က မြစ်သာရွာအနီးတွင် ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့၍ ပြည်သူ‌ လေးဦးထိမှန်ဒဏ်ရာရခဲ့​ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“မန္တလေးတိုင်း၊ ငါန်းဇွန် ၊ ဇီးကျွန်းက စကစတပ်ဖွဲ့က ဒရုန်းနဲ့ အရပ်သားပြည်သူ စစ်ရှောင်တွေကို ဗုံးချ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ညနေ ၃နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ကင်းတော်၊ ကိုင်းပြင်ရွာများဘက်ကိုပါ မီးရှို့ခဲ့တယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“မြင်းဆည်ကျေးရွာကို ဒီနေ့မနက် ၁၁နာရီလောက်က စပြီး ရွာကို စကစက မီးရှို့နေပါတယ်။ အိမ်​​ခြေ ၅၀၀ ခန့် ရှိတဲ့ ရွာပါ။ နောက်ဆုံးမေးမြန်း သိရသလောက်ကတော့ ရွာက ကုန်သလောက် ရှိသွားပြီလို့သိရတယ်။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ကျန်ခဲ့တယ်လို့သိရတယ်။”Myin Mu Defence Force-MMDFအဖွဲ့က ​ပြောသည်။

ထို့အပြင် သရက်ခြံအတွင်း ရပ်ထားသော စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများတင်ထားသည့် ထော်လာဂျီ လေးစီးကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဆားတောင်တိုက်နယ်ရှိ ကျေးရွာ၅ရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။