Connect with us

Hi, what are you looking for?

သတင်း

အာဏာလုစစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲဝင်ခြင်းမှာ ဓားပြဆီက ဝေစုတောင်းခြင်းပင်ဖြစ်ဟု ဦးမင်းကိုနိုင်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၏ PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခန်း၌ ဦးမင်းကိုနိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ဦးမင်းကိုနိုင်က PVTV နှင့်အင်တာဗျူး​ဖြေကြား​နေစဥ်)
(ဦးမင်းကိုနိုင်က PVTV နှင့်အင်တာဗျူး​ဖြေကြား​နေစဥ်)

ပြည်သူလူထု အာဏာကိုလုယူခဲ့သည့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးခြင်းမှာ ဓားပြဆီက ဝေစုတောင်းသည့် ပုံစံနှင့် အတူတူပင်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခန်း၌ ဦးမင်းကိုနိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်ထွက်ပြီးသားကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ခြင်းကို မမေ့ရန် ဦးမင်းကိုနိုင်က သတိပေးသည်။

“ဖက်စစ်က ရွေးကောက်ပွဲ လုပ်တယ်ဆိုတာဒါကကိုယ်အရေးကြုံတော့မှ သေခါနီးတော့မှ ထပြီးတော့မှကယောင်ကတမ်းနဲ့ရွတ်တဲ့ဂါထာမျိုးပဲ အဲဒါထက်မပိုဘူး” ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီသည် ပြည်သူလူထု အာဏာကိုလုခဲ့သည့် ဓားပြများဖြစ်ပြီး ယင်းဓားပြများက ရွေးကောက်ပွဲ ကျင်းပပြီးဝေစုခွဲပေးမည်ဟု ပြောခြင်းနှင့်အတူတူပင်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

“အဲဒီရွေးကောက်ပွဲသွားဝင်မယ်လို့စိတ်ကူးမိတာက ဓားပြဆီက ဝေစုတောင်းမယ်ဆိုတာနဲ့အတူတူပဲ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ချောင်ပိတ်မိနေပြီဖြစ်ပြီး ၎င်းတို့ အနေဖြင့် မည်ကဲ့သို့ အရေခွံလဲသည်ဖြစ်စေ၊ လှည့်စားသည်ဖြစ်စေ ဘက်ပေါင်းစုံ၌ ရှုံးနိမ့်နေပြီဖြစ်သည်ဟု ဦးမင်းကိုနိုင်က ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့်မည်သည့်နည်း၊မည်သည့်အကြောင်းနှင့်မျှ အားလျှော့ခြင်း၊ တွေဝေခြင်း ပြု၍မရကြောင်း ၎င်းက ပြောသည်။

“ပွဲကိုအကြာခံလို့မရဘူးဒါပါပဲ အရေးကြီးဆုံးက” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်