Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။

နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ
နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ

နှစ်သစ်ကူးည မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ လူငယ်တွေအချင်းများနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လူငယ် ၁ ဦးကို သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။

အဲဒီဆိုင်မှာ နှစ်သစ်ကူးည ၁၀ နာရီဝန်းကျင် လူငယ်အချို့ အချင်းများနေချိန် စစ်ကောင်စီတပ်က ရောက်လာပြီး ပစ်ခတ်ရာ သေနတ် ၂ ချက် မှန်ပြီး လူငယ် ၁ ဦးသေဆုံးသွားတာလို့ စုံစမ်းသိရပါတယ်။

ဖြစ်စဉ်ကို စစ်တပ်လော်ဘီ လူမှုကွန်ရက်တွေမှာတော့ လူငယ် ၂ ဦး စားသောက်ဆိုင်မှာ ဆဲဆို ရမ်းကားတယ်ဆိုတဲ့သတင်းအရ သွားရောက်ထိန်းသိမ်းရာ အမည်မသိ အမျိုးသား က တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ထိုးကြိတ် သေနတ်လုရာမှာ ကျည်ထွက်ပြီး ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ ဖြန့်ဝေနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသူလူငယ်ဟာ ညာဘက် ရင်အုံကို သေနတ် ၂ ချက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။