Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထောက်ကြန့်စည်ပင်ရုံးရှိ ဘန်ကာအတွင်း ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိဟု YUFပြော

ယနေ့(ဇန်နဝါရီ ၁၀)ညနေ ၃နာရီခန့်က ထောက် ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်းစီတပ်သားများအား လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက် မှုရှိနိုင်သည်ဟု ဆိုသည်။

(ထောက်ကြန့်မြို့ စည်ပင်ရုံးအား တွေ့ရစဉ်)
(ထောက်ကြန့်မြို့ စည်ပင်ရုံးအား တွေ့ရစဉ်)

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ စည်ပင်သာယာရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ စစ်ကောင်စီတပ် ဘန်ကာအတွင်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force – YUF က ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀)ညနေ ၃နာရီခန့်က ထောက် ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်းစီတပ်သားများအား လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက် မှုရှိနိုင်သည်ဟု ဆိုသည်။

အဆိုပါ ထောက်ကြန့်စည်ပင်ရုံးမှ စစ်ကောင်စီလက် အောက်ခံဝန်ထမ်းများသည်လည်း (မဲစာရင်းပြုစုမည့်) တရားမဝင်လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်ကူညီနေခြင်းအပေါ် YUF က သတိပေးသည်။

Public Service Announcement
Public Service Announcement

“စကစ ရဲ့ ဝမ်ထမ်းတွေအနေနဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ဆန့်ကျင်တဲ့ဘယ်အရာမဆို မလုပ်ပါနဲ့။ ရလဒ်က မကောင်းတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးကြီးကလည်း မကြာခင်အောင်မြင်တော့မှာဖြစ်တဲ့အတွက် ကိုအသက် ကိုတန်ဖိုးထားပြီး ပြည့်သူ့ဆန္ဒဘက်ကို မျက်နှာမူကြပါတော့လို့ပြောချင်ပါတယ်”ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကို အဖက်ဖက်မှ အရှိန်မြှင့်လုပ်ဆောင်လာနေသည့် ယခုကာလတွင် ယခင်ထက်ပို၍ သတိပြုသွားလာနေထိုင်ကြရန် YUFက သတင်းစကားပါးသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှု ဖြစ်မြှောက်ရေးအားပါ၀င်ကူညီပေးခဲ့သည့် Milk Tea Alliance Yangon အဖွဲ့၏အဖွဲ့၀င်ဖြစ်သည့်UG Supporter Groupနှင့် အလှူရှင်မိဘပြည်သူများအားကျေးဇူးတင်ရှိကြောင်းလည်း YUG က မှတ်တမ်းတင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

သတင်း

စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ်ကို ယမန်နေ့ညက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း Urban Special Operation (USO) အဖွဲ့က အသိပေးထုတ်ပြန်သည်။ ယမန်နေ့ည ၉ နာရီ ၂၆ မိနစ်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာအတွင်းရှိ လင်းမင်းမောင်လွင်၏ နေအိမ်ကို...

သတင်း

နတ်မောက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF - PLA)က အသိပေးထားသည်။