ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ စည်ပင်သာယာရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ စစ်ကောင်စီတပ် ဘန်ကာအတွင်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force – YUF က ပြောသည်။
ယနေ့(ဇန်နဝါရီ ၁၀)ညနေ ၃နာရီခန့်က ထောက် ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်းစီတပ်သားများအား လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက် မှုရှိနိုင်သည်ဟု ဆိုသည်။
အဆိုပါ ထောက်ကြန့်စည်ပင်ရုံးမှ စစ်ကောင်စီလက် အောက်ခံဝန်ထမ်းများသည်လည်း (မဲစာရင်းပြုစုမည့်) တရားမဝင်လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်ကူညီနေခြင်းအပေါ် YUF က သတိပေးသည်။

“စကစ ရဲ့ ဝမ်ထမ်းတွေအနေနဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ဆန့်ကျင်တဲ့ဘယ်အရာမဆို မလုပ်ပါနဲ့။ ရလဒ်က မကောင်းတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးကြီးကလည်း မကြာခင်အောင်မြင်တော့မှာဖြစ်တဲ့အတွက် ကိုအသက် ကိုတန်ဖိုးထားပြီး ပြည့်သူ့ဆန္ဒဘက်ကို မျက်နှာမူကြပါတော့လို့ပြောချင်ပါတယ်”ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ထို့အပြင် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကို အဖက်ဖက်မှ အရှိန်မြှင့်လုပ်ဆောင်လာနေသည့် ယခုကာလတွင် ယခင်ထက်ပို၍ သတိပြုသွားလာနေထိုင်ကြရန် YUFက သတင်းစကားပါးသည်။
အထက်ပါ စစ်ရေးတိုက်ခိုက်မှု ဖြစ်မြှောက်ရေးအားပါ၀င်ကူညီပေးခဲ့သည့် Milk Tea Alliance Yangon အဖွဲ့၏အဖွဲ့၀င်ဖြစ်သည့်UG Supporter Groupနှင့် အလှူရှင်မိဘပြည်သူများအားကျေးဇူးတင်ရှိကြောင်းလည်း YUG က မှတ်တမ်းတင် ဖော်ပြထားသည်။


















































