Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့လျှပ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

ချောက်မြို့နယ်လျှပ်စစ်ရုံးအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ/ပုံဟောင်း

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လယ် ၂ နာရီခွဲခန့်က ချောက်မြို့၊ အမှတ်(၁၅)နယ်မြေ၊ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီ၏ မြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်း လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း CGF အဖွဲ့က အသိပေးသည်။

“ရုံးဝန်းအတွင်းကို ဗုံးပစ်သွင်းပြီး သတိပေးတဲ့အနေနဲ့ ကျနော်တို့ရှိနေတယ်ဆိုတာသိအောင်လို့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အဓိကကတော့ ကျနော်တို့ဆီကို ပြည်သူတွေရဲ့တိုင်ကြာစာတွေ ရောက်ရှိလာတဲ့အတွက် ခုလိုသတိပေးရတာ”ဟု ချောက်မြို့ပြပြောက် ကျားတပ်ဖွဲ့(CGF)တာဝန်ခံ Ko Paing က ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တိုင်ကြားမှုများအရ ချောက်မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများသည် စစ်ကောင်စီအလိုကျ မီတာခများ အတင်းအဓမ္မကောက်ခံခြင်း၊ လျှပ်စစ်မီးကို အချိန်သတ်မှတ်ချက်မရှိဘဲ ပေးချင်သည့်အချိန်ပေး၍ ဖြတ်ချင်သည့်အချိန်ဖြတ်ကာ စိတ်တိုင်းကျ လုပ်ဆောင်နေခြင်း စသည့်အခြအနေများပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဗုံးသီးပစ်ဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့နယ်လျှပ်စစ်ရုံးအတွင်း စစ်ကောင်စီဝန်ထမ်းများရှိနေသော်လည်း ၎င်းတို့အား ထိမှန်အောင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းမဟုတ်၍ အဆောက်အအုံနှင့် ပရိဘောဂပစ္စည်းအချို့သာ ထိခိုက်မှုရှိခဲ့ကြောင်း ချောက်မြို့ပြောက်ကျားတပ်ဖွဲ့(CGF)က အသိပေးသည်။

အထက်ပါ ဗုံးပစ်တိုက်ခိုက်ခဲ့သည့် မြို့နယ် လျှပ်စစ်ရုံးနှင့် မလှမ်းမကမ်းတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးသစ်တစ်ခုတည်ရှိပြီး ယင်းရုံး၌ စစ်ကောင်စီတပ်သားများ အစောင့်ချလုံခြုံရေးယူထားသော်လည်း လျှပ်စစ်ရုံးအားသတိပေးတိုက်ခိုက်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကာ ရဲဘော်များ အထိအခိုက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ချောက်မြို့နယ်လျှပ်စစ်ရုံးအား ဖောက်ခွဲတိုက်ခိုက်မှုကို Chauk Guerrilla Force – CGF နှင့် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Kyaukpadaung Special Defense Force တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းကလည်း ချောက်မြို့၊ ၁၅ နယ်မြေ၊ တိုးချဲ့ရပ်ကွက်မှ စစ်ကောင်စီ၏ စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွင် ဦးဆောင်ပါဝင်နေသူဟုဆိုသူ တင်လှ(ခ) ဒေါင်းတင်အား CGF နှင့်မဟာမိတ်အဖွဲ့များက မြို့တွင်အထိဝင်ရောက်ဖမ်းဆီးကာ မြို့ပြင် တစ်နေရာ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွား​ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွားသုံးရွာ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ် ယာဉ်တန်းနဲ့ စစ်ကူတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ဦးနဲ့ တပ်သား ၆ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ပေါ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး စစ်မှုထမ်းကိစ္စအတွက်အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးရာတွင်ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးတင်လှ(ခ)ဒေါင်းတင်ဆိုသူအား မြို့ပြင်ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Chauk Guerrilla Force - CGF ၏ ဒုတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။