Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံမြို့နယ်ရှိ ကားမှတ်တိုင်များတွင် ဗုံးဟု ယူဆရသော အထုပ်များတွေ့

“ ကားမှတ်တိုင်တော်တော်များများမှာ ဗုံးပုံစံ အထုပ်တွေ တွေ့တယ်လို့ ပြည်သူအချို့က သတင်းပေးပို့ လာတာပါ” ဟု မင်္ဂလာဒုံအမျိုးသားအစည်းအရုံးက ဆိုသည်။

ပြည်သူများ သတိထားရှောင်ရှားကြရန် သတိပေး

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကားမှတ်တိုင်များ၌ ဗုံးဟုယူဆရသည့် အထုပ်များတွေ့ရှိကြောင်း မင်္ဂလာဒုံ အမျိုးသားအစည်းအရုံးက ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ဗုံးဟုယူဆရသော အထုပ်ပေါ်၌ “ ဘယ်ကောင်သေရဲလဲ (မအလ) မင်းအောင်လှိုင်” ဟု ရေးသားထားသည်။

“ ကားမှတ်တိုင်တော်တော်များများမှာ ဗုံးပုံစံ အထုပ်တွေ တွေ့တယ်လို့ ပြည်သူအချို့က သတင်းပေးပို့ လာတာပါ” ဟု မင်္ဂလာဒုံအမျိုးသားအစည်းအရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံရေးကား မှတ်တိုင်ဝန်းကျင်၊ ကျိုက္ကလော့ကားမှတ်တိုင်၊ ဝါယာလက်မှတ် တိုင်၊ ခရေပင်လမ်းခွဲမှတ်တိုင်တို့အား အထူး ရှောင်ရှားကြရန် အသိပေးသည်။

နိုင်ငံ့အာဏာကို အကြမ်းဖက်စစ်တပ်က မတရားသိမ်းယူထားသည်မှာ ယနေ့တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

ထို့ကြောင့် တိတ်ဆိတ်ခြင်းသပိတ်ကို လူထုက ဆောင်ရွက်မည်ဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်က ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက် ဖျက်ဆီးမှုများလည်းရှိနေသည်။

ထိုအတွက် ယနေ့တွင် အကြမ်းဖက်စစ်တပ်အပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမိုများပြား လာနိုင်သည့်အတွက် ပြည်သူများ သတိပိုမိုထားရှိရန် တော်လှန်ရေးအင်အားစုအများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

သတင်း

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။