Connect with us

Hi, what are you looking for?

သတင်း

CNF ဌာနချုပ်တိုက်ခိုက်ခံရမှုအ​ပေါ် ဝမ်းနည်း​ကြောင်းဆိုင်များပိတ်၍ပြသ​သောဟားခါးမြို့ ​နေပြည်သူများကိုစစ်ကောင်စီက ခြိမ်းခြောက်

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

(ဟားခါးမြို့တွင်ဆိုင်များပိတ်၍ ဝမ်းနည်း​ကြောင်းပြသ​ထားကြစဥ်။ ဓါတ်ပုံ-The Chin Journal)
(ဟားခါးမြို့တွင်ဆိုင်များပိတ်၍ ဝမ်းနည်း​ကြောင်းပြသ​ထားကြစဥ်။ ဓါတ်ပုံ-The Chin Journal)

▪︎ဆိုင်မဖွင့်သူများဆိုင်ပိတ်မည်ဟုလိုက်အော်နေ

ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ် ဗစ်တိုးရီးယားစခန်းအား စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ချင်းတပ်ဖွဲ့မှရဲဘော်များ ကျဆုံးထိခိုက်မှု ရှိခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ဟားခါးမြို့တွင်း စျေးဆိုင်များကို ယနေ့တွင်ပိတ်ထားရာ စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ခြိမ်းခြောက်လျက်ရှိနေသည်ဟုချင်း​ဒေသတွင်းသတင်းဌာနဖြစ်​သော The Chin Journalက ဖော်ပြသည်။

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါးမြို့တွင်း စျေးဆိုင်မဖွင့်သူများကို ဆိုင်များ ပိတ်သိမ်းမည်ဟု မြို့တွင်းသို့ ကားဖြင့်လှည့်လည် ကာ အော်နေကြကြောင်း ဒေသခံများကိုကိုးကားပြီး The Chin Journal က ဖော်ပြသည်။

“ အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်ပိတ်သိမ်းမယ်လို့ လိုက်အော်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီးစစ်ကောင်စီတပ်ကိုဆက်လက်ခုခံတိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။