Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CNF ဌာနချုပ်တိုက်ခိုက်ခံရမှုအ​ပေါ် ဝမ်းနည်း​ကြောင်းဆိုင်များပိတ်၍ပြသ​သောဟားခါးမြို့ ​နေပြည်သူများကိုစစ်ကောင်စီက ခြိမ်းခြောက်

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

(ဟားခါးမြို့တွင်ဆိုင်များပိတ်၍ ဝမ်းနည်း​ကြောင်းပြသ​ထားကြစဥ်။ ဓါတ်ပုံ-The Chin Journal)
(ဟားခါးမြို့တွင်ဆိုင်များပိတ်၍ ဝမ်းနည်း​ကြောင်းပြသ​ထားကြစဥ်။ ဓါတ်ပုံ-The Chin Journal)

▪︎ဆိုင်မဖွင့်သူများဆိုင်ပိတ်မည်ဟုလိုက်အော်နေ

ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ် ဗစ်တိုးရီးယားစခန်းအား စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ချင်းတပ်ဖွဲ့မှရဲဘော်များ ကျဆုံးထိခိုက်မှု ရှိခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ဟားခါးမြို့တွင်း စျေးဆိုင်များကို ယနေ့တွင်ပိတ်ထားရာ စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ခြိမ်းခြောက်လျက်ရှိနေသည်ဟုချင်း​ဒေသတွင်းသတင်းဌာနဖြစ်​သော The Chin Journalက ဖော်ပြသည်။

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါးမြို့တွင်း စျေးဆိုင်မဖွင့်သူများကို ဆိုင်များ ပိတ်သိမ်းမည်ဟု မြို့တွင်းသို့ ကားဖြင့်လှည့်လည် ကာ အော်နေကြကြောင်း ဒေသခံများကိုကိုးကားပြီး The Chin Journal က ဖော်ပြသည်။

“ အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်ပိတ်သိမ်းမယ်လို့ လိုက်အော်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီးစစ်ကောင်စီတပ်ကိုဆက်လက်ခုခံတိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။