Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – နွားထိုးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ – မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ - မလှိုင်လမ်းဆုံတွင် တွေ့ရသော NPDFမှ ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-NPDF)
(နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ - မလှိုင်လမ်းဆုံတွင် တွေ့ရသော NPDFမှ ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-NPDF)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးလမ်းတွင် စစ်ကောင်စီယာဥ်၃စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများပြားကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၁၂ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့ဘက်မှ မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား (၃)စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြင်းခြံ – နွားထိုးလမ်းပေါ်တွင် စစ်အုပ်စုက ခရီးသွားပြည်သူများအား ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ – မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။