Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး – မြင်းခြံလမ်းတွင် စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မြင်းခြံမှ နွားထိုးကြီးမြို့သို့ ထွက်လာသော စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နံနက် ၇နာရီခန့်က မြင်းခြံမြို့နယ်မှ နွားထိုးကြီးမြို့နယ်အတွင်းသို့ ထွက်လာသော အင်အား ၅၉ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးအား ဘဟက်တောကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်းအရေ အတွက် အတိအကျကို စုံစမ်းစစ်‌ဆေးနေဆဲဖြစ်ကြောင်း NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရပ်စကားနဲ့ကြားတာကတော့ ခုနစ်ယောက်သေတယ်။ထိတာအကုန်လုံး ၁၅ယောက်ပေါ့။ အသံထွက်နေတယ်။ ကိုယ့်ဘက်ကအတည်မပြုနိုင်သေးတော့ ထည့်ပြီးရေးမထားတာ”ဟု NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။