Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ရဲ့ မဲဝိုင်စခန်းကို ဒရုန်းနဲ့ တစ်လလောက်ဗုံးကြဲပြီးမှ ဝင်တိုက်

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

စစ်ကောင်စီ ရဲ့ မဲဝိုင်စခန်းကို ဒရုန်းနဲ့ တစ်လလောက်ဗုံးကြဲပြီးမှ ဝင်တိုက်
စစ်ကောင်စီ ရဲ့ မဲဝိုင်စခန်းကို ဒရုန်းနဲ့ တစ်လလောက်ဗုံးကြဲပြီးမှ ဝင်တိုက်

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ရဲ့တပ်မဟာ ၅ နယ်မြေ ထဲမှာရှိတဲ့ စစ်ကောင်စီ မဲဝိုင်တပ်စခန်းကို ဇန်နဝါရီလ ပထမ ရက်သတ္တပတ်ထဲမှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၄ ရက်နဲ့ ဇန်နဝါရီလ ၇ ရက် တို့မှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )နဲ့ပူးပေါင်းတပ်တွေ စခန်းတိုက်ပွဲဆင်နွှဲကြတာပါ။

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒီလို စခန်းသိမ်းမယ့် စစ်ကောင်စီစခန်းကို တစ်လအလို ဒီဇင်ဘာလကတည်း နေ့စဉ်နီးပါး ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးအလုံးပေါင်း တစ်ထောင်ကျော် ကြဲခဲ့တာပါ။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကအရာရှိအပါအဝင် ကိုး ဦးသေဆုံးပြီး KNLA နဲ့ ပူးပေါင်းတပ်တွေဘက်က ခြောက် ဦးကျဆုံးတယ်လို့သိရပါတယ်။

တိုက်ပွဲကာလအတွင်းစစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးတာတွေရှိခဲ့ပါတယ်။

“စခန်းမသိမ်းခင် တစ်ပတ်လောက်အလိုမှာ သူတို့ကို လက်နက်ချပူးပေါင်းအညံ့ခံဖို့ ဒရုန်းနဲ့ စာတွေချသေးတယ်”လို့ စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့သူတစ်ဦးကပြောပြပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။