Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့၌ လက်နက်ကြီးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦးနာရေးတွင်အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြ

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

(အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)
(အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့၌ လက်နက်ကြီးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦး၏ နာရေးတွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများက ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ဇန်နဝါရီ ၁၆ရက်က အသက်(၇၅)နှစ်အရွယ် ဦးသိန်းဆွေ(ခ)ဦးပေါက်စီ၏ စျာပနကို ပို့ဆောင်စဥ် လမ်းတဝက်နေရာအရောက်တွင် အရပ်ဝတ်ဖြင့်လာသော စစ်ကောင်စီတပ်သားများက ‘အကြမ်းဖက်မှုအလိုမရှိ’ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“(၄)မိုင် သင်္ချိုင်းကုန်းအဝင်မှာ အသုဘယာဉ်တန်းကို ပိတ်ဆို့ထားပြီး ဆိုင်းဘုတ်ကိုယ်စီကိုင်ထားပြီး “PDF အလိုမရှိ၊ အော်ဟစ်ဆန္ဒပြခဲ့တာ”ဟု နာရေးလိုက်ပို့ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် နာရေးလိုက်ပို့သည့် ဒေသခံပြည်သူများကိုလည်း အရပ်ဝတ်စစ်သားများက လက်နက်ကြီး ထိမှန်သေဆုံးသူ၏ အခင်းဖြစ်စဥ်ကို တပ်မတော်က လုပ်တယ်လို့ထင်လားဟု မေးမြန်းခဲ့ ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“အသုဘ လိုက်ပို့တဲ့သူတွေမဟုတ်ဘူး။ ကြိုစောင့်ပြီး စီစဉ်ထားတဲ့ပုံစံမျိုးပါ။နောက် အသုဘပို့တဲ့သူတွေနဲ့တွဲပြီး သူတို့ ဆန္ဒပြတာကို ဓာတ်ပုံတွေရိုက်ယူသွားကြတယ်”ဟု မျက်မြင်ဒေသခံက ရှင်းပြသည်။

ထိုသို့ ဆန္ဒပြမှုကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများ၌ ရေးသေားဖော်ပြနေသည်။

“ကလိမ်ကကျစ်ကျတဲ့ နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဉာဏ်တော် စူးရောက်ပါပေတယ်။ သေတာတောင် အေးအေး ဆေးဆေး မသေရတဲ့တိုင်းပြည်”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့၊ မီးသတ်ကုန်းလမ်း၌ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပါအဝင် လွိုင်လင်လေးမြို့တွင် လက်နက်ကြီး ကျရောက်ခဲ့၍ အရပ်သားတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။