Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ရမ်းသမ်းပစ်၍ ပြည်သူသုံးဦးထိခိုက်

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းမှ ရဲဘော်များ လက်နက်ခဲယမ်းများပြုလုပ်နေစဉ်)
(ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းမှ ရဲဘော်များ လက်နက်ခဲယမ်းများပြုလုပ်နေစဉ်)

သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်များလိုက်ပါလာသော ကားသုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ယာဉ်သုံးစီးအနက် ဒုတိယမြောက်နှင့် နောက်ဆုံးယာဉ်မှာ မိုင်းထိသွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းက ပြောသည်။

“သတင်းကြိုရပြီး ပီလောပစ်ဘုန်းကြီးကျောင်းအထွက် ၄ မိုင်ရွာအနီးမှာ ၂ နာရီခွဲလောက်က မိုင်းနှစ်လုံးနဲ့ ဒုတိယ‌ မြောက်အစီးနဲ့ နောက်ဆုံးအစီးကိုခွဲလိုက်တာ။ တော်တော်ထိသွားပုံပဲ။ မိုင်းဆွဲပြီးချင်းပဲ ကားလမ်းထိပ်ရော အောက်ရော ပိတ်လိုက်ပြီးအသွားအလာတားလိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယာဉ်သုံးစီးတိုက်ခိုက်ခံရပြီးနောက် တကောင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ယာဉ်တစ်စီးဖြင့်ထွက်လာပြီး (၃)မိုင်ကျေးရွာ အနီးမှနေ၍ ရမ်းသမ်းပစ်ခတ်ရာ အဆိုပါ ကျေးရွာသစ်စက်လိုင်းခန်းမှ ပြည်သူသုံးဦး ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

“(၃)မိုင်သစ်ခွဲစက်က သပိတ်ကျင်းမြို့နယ်ရဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ရဲ့ သစ်စက်။ သူက တကောင်းသားပေါ့။ (၃)မိုင်မှာ လုပ်ငန်းထောင်ထားတာ။ မြို့ထဲက စစ်ကူထွက်တဲ့ကားရောက်လာတော့ လုပ်ငန်းဆိုဒ်ထဲက ပြည်‌သူတွေကပြေးမိပြေးရာပြေးတော့ ရမ်းပစ်တာနဲ့ မှန်သွားတာ။ တစ်ယောက်ကတော့ အခြေအနေမကောင်းဘူး။ အသက်အန္တရာယ်စိုးရိမ်ရတယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာများနှင့် စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများတွင် အချိန်ကြာကြာရပ်တန့်နေခြင်းမပြုကြရန်နှင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -တကောင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။