Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ရမ်းသမ်းပစ်၍ ပြည်သူသုံးဦးထိခိုက်

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းမှ ရဲဘော်များ လက်နက်ခဲယမ်းများပြုလုပ်နေစဉ်)
(ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းမှ ရဲဘော်များ လက်နက်ခဲယမ်းများပြုလုပ်နေစဉ်)

သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်များလိုက်ပါလာသော ကားသုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-တကောင်းက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ယာဉ်သုံးစီးအနက် ဒုတိယမြောက်နှင့် နောက်ဆုံးယာဉ်မှာ မိုင်းထိသွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းက ပြောသည်။

“ သတင်းကြိုရပြီး ပီလောပစ်ဘုန်းကြီးကျောင်းအထွက် ၄ မိုင်ရွာအနီးမှာ ၂ နာရီခွဲလောက်က မိုင်းနှစ်လုံးနဲ့ ဒုတိယ‌ မြောက်အစီးနဲ့ နောက်ဆုံးအစီးကိုခွဲလိုက်တာ။ တော်တော်ထိသွားပုံပဲ။ မိုင်းဆွဲပြီးချင်းပဲ ကားလမ်းထိပ်ရော အောက်ရော ပိတ်လိုက်ပြီးအသွားအလာတားလိုက်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယာဉ်သုံးစီးတိုက်ခိုက်ခံရပြီးနောက် တကောင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ယာဉ်တစ်စီးဖြင့်ထွက်လာပြီး (၃)မိုင်ကျေးရွာ အနီးမှနေ၍ ရမ်းသမ်းပစ်ခတ်ရာ အဆိုပါ ကျေးရွာသစ်စက်လိုင်းခန်းမှ ပြည်သူသုံးဦး ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

“ (၃)မိုင်သစ်ခွဲစက်က သပိတ်ကျင်းမြို့နယ်ရဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ရဲ့ သစ်စက်။ သူက တကောင်းသားပေါ့။ (၃)မိုင်မှာ လုပ်ငန်းထောင်ထားတာ။ မြို့ထဲက စစ်ကူထွက်တဲ့ကားရောက်လာတော့ လုပ်ငန်းဆိုဒ်ထဲက ပြည်‌သူတွေကပြေးမိပြေးရာပြေးတော့ ရမ်းပစ်တာနဲ့ မှန်သွားတာ။ တစ်ယောက်ကတော့ အခြေအနေမကောင်းဘူး။ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာများနှင့် စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများတွင် အချိန်ကြာကြာရပ်တန့်နေခြင်းမပြုကြရန်နှင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -တကောင်းက အသိပေးထားသည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။