သပိတ်ကျင်းမြို့နယ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)က ပြောသည်။
ယနေ့(ဒီဇင်ဘာ ၂၄)နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီတပ်၏ တကောင်းစစ်ဆေးရေးဂိတ်ကို (၄၀)မမ ဗုံးသီးနှစ်လုံးအပြင် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“(၄၀)မမနဲ့ ပထမတစ်ချက် စပစ်ကတည်းက သူတို့ကလည်း ပြန်ပစ်တာပဲ။ နောက်တစ်ချက်ပစ်ပြီးလက် နက်ငယ်များနဲ့ထပ်ပြီး ဝင်ရောက်ပြစ်ခတ်ခဲ့ပါတယ်။ ပစ်နေတုန်း သူတို့ဘက်က ရဲတစ်ကောင်ကတော့ ပစ်နေတဲ့လက်နက်လွင့်ပြီး လဲကျသွားတာကိုပဲမြင်ခဲ့ရပြီး ပြန်ဆုတ်ခဲ့ပါတယ်”ဟု ကြာညှပ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

Public Service Announcement
