Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် တကောင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟုဆို

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

(ကြာညှပ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ကြာညှပ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

သပိတ်ကျင်းမြို့နယ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၄)နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီတပ်၏ တကောင်းစစ်ဆေးရေးဂိတ်ကို (၄၀)မမ ဗုံးသီးနှစ်လုံးအပြင် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“(၄၀)မမနဲ့ ပထမတစ်ချက် စပစ်ကတည်းက သူတို့ကလည်း ပြန်ပစ်တာပဲ။ နောက်တစ်ချက်ပစ်ပြီးလက် နက်ငယ်များနဲ့ထပ်ပြီး ဝင်ရောက်ပြစ်ခတ်ခဲ့ပါတယ်။ ပစ်နေတုန်း သူတို့ဘက်က ရဲတစ်ကောင်ကတော့ ပစ်နေတဲ့လက်နက်လွင့်ပြီး လဲကျသွားတာကိုပဲမြင်ခဲ့ရပြီး ပြန်ဆုတ်ခဲ့ပါတယ်”ဟု ကြာညှပ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။