Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် အင်ဒိုကြိုးပမ်းမယ်

မြန်မာ့အရေးကို နည်းလမ်း ၃ သွယ် ချမှတ်ပြီး ဖြေရှင်းဖို့စီစဉ်ထားတယ်လို့ မနေ့က ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက အသိပေးလိုက်တာပါ။

ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ
ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ

အကျပ်အတည်းတွေ့နေတဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင် ကြိုးပမ်းမယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ သစ် အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။

မြန်မာ့အရေးကို နည်းလမ်း ၃ သွယ် ချမှတ်ပြီး ဖြေရှင်းဖို့စီစဉ်ထားတယ်လို့ မနေ့က ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက အသိပေးလိုက်တာပါ။

အဲဒီနည်းလမ်း ၃ သွယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေးဖို့ ၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြစ်လာစေမယ့်အခြေအနေတွေ ဖန်တီးဖို့ နဲ့ အာဆီယံဟာ ကုလအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကိုဖြေရှင်းရေးတို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ
ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ

တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူတွေထံ စတင်ချဉ်းကပ်နေပြီလို့ လည်းအင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့အတွက်ဆိုရင် ၂ ဖက်အကြား ယုံကြည်မှု တည်ဆောက်ဖို့ လိုပြီး အကြမ်းဖက်မှုတွေလျော့ချတာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေထံ ပေးအပ်နိုင်ဖို့လိုတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အင်ဒိုနီးရှားရဲ့ နည်းလမ်း ၃ သွယ်အပေါ် NUG အစိုးရရော စစ်ကောင်စီဘက်ကပါ တုံ့ပြန်တာမရှိသေးဘူး။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ဘရူးနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေလက်ထက်မှာ တွေ့ဆုံဆွေးနွေးရေးလုပ်ကြဖို့ စစ်ကောင်စီကိုတောင်းဆိုခဲ့ပေမယ့်အကောင်အထည်မပေါ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီဘက်ကပေးမတွေ့ခဲ့ပါဘူး ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။