Connect with us

Hi, what are you looking for?

သတင်း

ကယန်း လက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသူကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ၁၁ ပွဲ ယှဥ်ပြိုင်ထိုးသတ်ထားပြီး ၁၀ ပွဲ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)
(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)

ထိုင်းနိုင်ငံတွင် ယနေ့ (ဖေဖော်ဝါရီ ၅) ညနေပိုင်း၌ ကျင်းပသည့် Thai Fight ပြိုင်ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ် Yuly Alves ကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ပွဲစဥ်တွင် ဘရော်နီကာနှင့် Yuly Alves တို့သည် ၃ ချီစိန်ခေါ်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲစဥ်တွင် ဘရော်နီကာသည် ပြိုင်ဘက်လက်ဝှေ့မယ်ကို အလဲထိုးနိုင်ခြင်း မရှိခဲ့သော်လည်း အသာစီး ထိုးသတ်နိုင်ခဲ့သည့် အတွက် ပွဲအပြီး၌ ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)
(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)

ယင်းပွဲတွင် အနိုင်ရခဲ့သော်လည်း အားရကျေနပ်မှု မရှိဘဲ လာမည့်ပွဲစဥ်များ၌ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ဘရော်နီကာက ပွဲအပြီးတွင် လူမှုကွန်ယက်၌ ရေးသားဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

” အနိုင်ရရှိပေမဲ့ ပွဲမလှခဲ့ဘူး။ ကိုယ်တိုင်လာရောက်အားပေးသူတွေကော လိုင်းပေါ်ကအားပေးတဲ့ ညီအစ်ကို အရောက်ဆီတိုင်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ နောက်ပွဲ ဒီထက်ကောင်းအောင် ပိုကြိုးစားပါ့မယ် ” ဟု ၎င်းက ရေးသားခဲ့သည်။

(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)
(ဘ​ရော်နီကာနှင့်ဘရာဇီးလက်​ဝှေ့မယ်ယှဥ်ပြိုင်စဥ်နှင့်ဒိုင်ဆုံးဖြတ်ချက် ​ကြေညာမှု​စောင့်​နေစဥ် ။ဓါတ်ပုံ-Lethwei Channel)

ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက Thai Fight 100 years Nakornban ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံခဲ့ရသူလည်း ဖြစ်သည်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ၁၁ ပွဲ ယှဥ်ပြိုင်ထိုးသတ်ထားပြီး ၁၀ ပွဲ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က တိုးမြှင့်စည်းကြပ်မယ့် ပို့ကုန်အခွန် နှုန်းထားတွေအတိုင်း ဘရာဇီးက တူတူညီညီ တုံ့ပြန် စည်းကြပ်သွားမယ်လို့ သမ္မတ လူးဝစ်ဇ် အင်နာရှို ဒါဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

နိုင်ငံတကာ

လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကို ဗုံးခွဲမယ့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ဘရာဇီး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Facebook