Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့်အတူ CDF-ကန်ပက်လက်ထံအလင်းဝင်

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)
(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ခမရ( ၃၀၄)မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်ရောက်လာကြောင်း CDF-ကန်ပက်လက်က ယနေ့သတင်းထုတ်ပြန်သည်။

ရဲဘော်လင်းထက်အောင်သည် ဇန်နဝါရီ ၃၀ ရက် MA1​သေနက်တစ်လက် MAကျည် ၃၃၆ တောင့်၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်မိုင်း ၁ လုံး၊ အီနာဂါ နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ကိုယူ​ဆောင်လာပြီးအလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု CDF-ကန်ပက်လက်က​ဖော်ပြထားသည်။

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

“ကျနော်တိုဘက်ကတော့ ဆက်ပီးတော့လာမယ့်သူတွေကို အမြဲတမ်းနွေးနွေးထွေးထွေးကြိုဆိုသလို တော်လှန်ရေးအလွန်ကာလမှ ခံစားခွင့် ရပိုင်ခွင့်ရအောင်လည်းလုပ်ဆောင်ပေးသွားမှာပါ လိုပြောချင်ပါ” ဟု အထက်ပါတာဝန်ရှိသူကPeople’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်ကောင်စီတပ်တွင်း၌ သတင်းလွှင့်ထားသကဲ့သို့ CDMဝင်လာသူများကို သတ်ပစ်သည့်မှာ မဟုတ်ကြောင်းနှင့် CDMဝင်လာသူများကိုလည်း ရွေးချယ်ထားသည့် လွတ်မြောက်နယ်များကို ပို့ပေးမည်ဖြစ်ကြောင်းCDF-ကန်ပက်လက်တာဝန်ရှိသူကပြောသည်။ သတ်မှတ်ဆုကြေးငွေများကိုလည်း ပေးမည်ဟုလည်း ဆိုသည်။

CDF-ကန်ပလက်ထံ လက်နက်နှင့် CDMဝင်ရောက်သူ၁၀ ဦးရှိ​နေပြီဖြစ်ပြီး လက်နက်မဲ့ဝင်ရောက်လာသူအရေအတွက်အမြောက်အများရှိကာအများစုနယ်မြေခံရဲများဖြစ်သည်ဟု CDF-ကန်ပက်လက်ထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။