Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ရဲစခန်းကို CNA၊CDFတိုက်ခိုက်သိမ်း

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။

ထန်တလန်ရဲစခန်းကိုအ​ဝေးမှ မြင်ရစဥ်
ထန်တလန်ရဲစခန်းကိုအ​ဝေးမှ မြင်ရစဥ်

▪︎ဒရုန်းပစ်လက်နက်အပါအဝင်လက်နက်မျိုးစုံ ၄၀​ကျော်ရ

▪︎ရဲစခန်းကိုတိုက်ခိုက်စဥ် ထန်တလန်မြို့​ပေါ်ရှိစစ်​ကောင်စီတပ်က စစ်ကူမ​ပေး

ထန်တလန်မြို့ရဲစခန်းကို CNA (ချင်းအမျိုးသားတပ်)နှင့်CDF(ချင်းကာကွယ​်ရေးတပ်)ထန်တလန်တို့ကယမန့်နေည ၁၀ နာရီမှစတင်၍ သုံးနာရီကြာတိုက်ခိုက်ပြီး​ရဲစခန်းတခုလုံးကို သိမ်ဆည်းနိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။

ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ရက် မနက် ၁နာရီခန့်တွင် စခန်းတခုလုံးကို သိမ်းဆည်းမိကာဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ကျော် ရရှိခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

ကျဆုံးခဲ​သော CNA၊ CDF တပ်ဖွဲ့ဝင်တစ်ဦး
ကျဆုံးခဲ​သော CNA၊ CDF တပ်ဖွဲ့ဝင်တစ်ဦး

ထိုသို့ တိုက်ခိုက်နေစဉ် ထန်တလန်မြို့ပေါ်ရှိ စစ်​ကောင်စီတပ်က စစ်ကူမပေးခဲ့သလို လေကြောင်းပစ်ကူလည်း မလာခဲ့ကြောင်း အဆိုပါအရင်းအမြစ်များကပြောသည်။ရဲစခန်းသိမ်းပိုက်ပြီးချိန်မှသာ စစ်ကောင်စီတပ်က လေကြောင်းမှတောက်လျှောက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု၎င်းတို့က​ပြောသည်။

ထိုရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီရဲတပ်များ​သေဆုံးမှုအများအပြားရှိခဲ့​ကြောင်းသိရသည်။သို့​​သော်အ​ရေအတွက်ကိုမူမသိရ​သေး​ပေ။ CNA၊ CDFဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိ​သော ဒရုန်းပစ်လက်နက်
သိမ်းဆည်းရရှိ​သော ဒရုန်းပစ်လက်နက်

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။

(ထန်တလန်ရဲစခန်းနှင့်သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ၊ တိုက်ခိုက်ခဲ့​သောတပ်ဖွဲ့ဝင်များနှင့် ကျဆုံးခဲ့​သော တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။