Connect with us

Hi, what are you looking for?

သတင်း

အသက် ၁၈ နှစ်အရွယ် ဗကသ ကျောင်းသားကို ထောင်တစ်သက်တစ်ကျွန်းချ

ကိုဟိန်းထက်ကို ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ဖေဖော်ဝါရီ ၉ ရက်က ထောင်ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

အသက် ၁၈ နှစ်အရွယ် ဗကသ ကျောင်းသားကို ထောင်တစ်သက်တစ်ကျွန်းချ
အသက် ၁၈ နှစ်အရွယ် ဗကသ ကျောင်းသားကို ထောင်တစ်သက်တစ်ကျွန်းချ

အသက် ၁၈ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုဟိန်းထက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်တယ်လို့ ဗကသ က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ကိုဟိန်းထက်ကို ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ဖေဖော်ဝါရီ ၉ ရက်က ထောင်ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

ကိုဟိန်းထက်ဟာ အ.ထ.က (၁ ) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၂၂ နှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မှာဖမ်းခံရတာပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး စည်းရုံးရေး လုပ်ဆောင်နေချိန်မှာ ဖမ်းခံရတာလို့လည်း စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကလည်း အင်းစိန်ထောင်မှာ ထောင် ၃ နှစ်ချထားပြီဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။