Connect with us

Hi, what are you looking for?

သတင်း

ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ်သုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀ကျော်စီ မတရားချမှတ်

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ် သုံးဦးအား ယနေ့ (ဒီဇင်ဘာ ၂၃) အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် (၂၂)နှစ်စီ မတရားချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။

အဆိုပါ လူငယ်သုံးဦးမှာ ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ ဖြစ်ကြသည်။

၎င်းတို့ သုံးဦးသည် ပြီးခဲ့သည့် မတ်လ ၂ရက်က အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် စစ်အုပ်စုက ၎င်းတို့ သုံးဦးအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ကာ အမြင့်မားဆုံးပြစ်ဒဏ်များဖြစ်သည့် ပုဒ်မ (၅၀)ည အတွက် ထောင်ဒဏ် ၁၅ နှစ်၊ ပုဒ်မ (၅၂) က အတွက် ၇ နှစ်ဟုဆိုကာ စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်စီ မတရားချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

“စကစ က အနာဂတ်လူငယ်တွေကို ထောင်ဒဏ် နှစ်ရှည်တွေ ချပြီး တမင်ချိုးနှိမ်နေတာပါ။ တော်လှန်ရေး အောင်မှ သူတို့တွေ ပြန်လွတ်မြောက်နိုင်မှာ ဖြစ်တဲ့အတွက် အပြင်မှာ ကျန်တဲ့သူတွေက တော်လှန်ရေး အောင်မြင်ဖို့ ပိုကြိုးစားကြဖို့ လိုအပ်ပါတယ် “ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။