Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူ ကြိုဆို

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူ ကြိုဆို
မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူ ကြိုဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရက ကြိုဆိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။

စင်ကာပူဟာ မြန်မာ့နိုင်ငံရဲ့အကျပ်အတည်းကို အလွန်အမင်းစိုးရိမ်နေပြီး ကုလသမဂ္ဂနဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မြန်မာ့အရေးကို သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လိုလားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကဆိုထားပါတယ်။

စင်ကာပူနိုင်ငံဟာ ထိုင်းနိုင်ငံက ကမကထ လုပ်ပြီး စစ်ကောင်စီတက်ခွင့်ရတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တာမရှိပါဘူး။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအနက် တရုတ်၊ ရုရှားနဲ့အိန္ဒိယက ကြားနေမဲပေးပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊ အာဆီယံ ရဲ့ သဘောတူညီချက်တွကို အကောင်အထည်ဖော်ဖို့ ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ ၊လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ ၊မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။