Connect with us

Hi, what are you looking for?

သတင်း

လေ​ကြောင်းတိုက်ခိုက်မှု ဆန့်ကျင်ကြောင်းပြသခဲ့သည့် ဟားခါးမြို့ရှိ ဆိုင်ရှင် (၁၁)ဦးကို စစ်ကောင်စီ ဖမ်းဆီးပြီး ဆိုင်များကို ချိတ်ပိတ်

“ဆိုင်တွေကို သော့ခတ်ပြီး ဆိုင်ရှင်တွေကို ဟားခါးရဲစခန်းမှာ ဖမ်းထားတယ်။ အားလုံး ၁၁ယောက်လို့ သိရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မ​တော်(CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၍ CNAတပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်ခဲ့မှုအ​ပေါ် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် စျေးဆိုင်ပိတ်ခဲ့သည့် ဟားခါးမြို့မှ ဆိုင်ရှင်(၁၁)ဦးကို စစ်​ကောင်စီက အဓမ္မဖမ်းဆီးပြီး ဆိုင်များအားချိတ်ပိတ်သွားကြောင်း ဟားခါးမြို့ခံများက ​ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီ၁၂ ရက် နေလည်ပိုင်းက ဟားခါးမြို့ရှိ စျေးဆိုင်(၁၁)ဆိုင်ကို စာကပ်ချိတ်ပိတ်ပြီး ဆိုင်ရှင်များကို ဟားခါးမြို့မရဲစခန်းတွင် ဖမ်းဆီးခေါ်သွားသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“ဆိုင်တွေကို သော့ခတ်ပြီး ဆိုင်ရှင်တွေကို ဟားခါးရဲစခန်းမှာ ဖမ်းထားတယ်။ အားလုံး ၁၁ယောက်လို့ သိရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ယခု​နေအိမ်သည် အကြမ်းဖက်ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေး​ကြောင်း ​ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်​ရေး ဥပ​ဒေပုဒ်မ ၅၂အရ ​နေအိမ်အ​ဆောက်အဦ ပိုင်ရှင်အား အ​ရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ​နေအိမ် ၊အ​ဆောက်အဦအား နိုင်ငံ​တော်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်သည်”ဟုဆိုကာ ​လေ​ကြောင်းတိုက်ခိုက်မှုအ​ပေါ် ဝမ်းနည်း​ကြောင်းပြသသည့်ဆိုင်များကို အဆိုပါစာတမ်းချိတ်၍ ချိတ်ပိတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ငြိမ်းချမ်းစွာ ဆိုင်ပိတ်ဆန္ဒထုတ်​ဖော်မှုအ​ပေါ် ထိုသို့စွပ်စွဲ၍ ပုဒ်မကြီး​လေးစွာဖြင့် အ​ရေးယူမှုအ​ပေါ် ​​မြို့ခံပြည်သူများ​က ဒေါသထွက်လျှက်ရှိသည်။

(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီချိတ်ပိတ်ခဲ့သော စျေးဆိုင်နှင့် ဟားခါးမြို့ရှိ လမ်းမတနေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ ရက်က CNAဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် CNAတပ်သား ငါးဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းနှင့် သေဆုံးထိခိုက်ဒဏ်ရာရသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ဟားခါးမြို့တွင် ဇန်နဝါရီ ၁၁ရက်က ဈေးဆိုင်များပိတ်၍ သ​ဘောထားပြသခဲ့ခြင်းဖြစ်သည်။

ထိုနေညနေပိုင်းတွင် စစ်ကောင်စီက ဈေးဆိုင်အားလုံးကို ပြန်ဖွင့်ရန်နှင့်မဖွင့်လှစ်ပါက အရေးယူမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။