Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲတိုက်ပွဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထိုးစစ်ဆင်ခြင်းဖြစ်ဟု TNLA ပြော

“၈နာရီလောက်ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုက ရဟတ်ယာဉ်နဲ့ တစ်ကြိမ်၊ ဂျက်လေယာဉ်နဲ့ တစ်ကြိမ် နှစ်ကြိမ်လာရောက်တိုက်ခိုက်တယ်။ ကျောက်မဲဘက်ကလည်း လက်နက်ကြီးလှမ်းပစ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၁၅ဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပြီး ယင်းသို့ စစ်ကောင်စီတပ်၏ ထိုးစစ်သည် မှားယွင်းတိုက်ခိုက်ခြင်းမဖြစ်နိုင်ကြောင်း TNLA သတင်းပြန်ကြားရေး တာဝန်ခံဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA “သူတို့ဘာကြောင့်ထိုးစစ်ဆင်တိုက်ခိုက်တာလည်းဆိုတာတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မသိဘူး။ မနက် ၇နာရီလောက်မှာ ကျနော်တို့တပ်ရှိတဲ့ ကျောက်မဲမြို့နယ်ထဲက နန်ခုံရွာဘက် ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် ဒီတိုက်ပွဲက စတင်ဖြစ်ပွားတာ။ တိုက်ပွဲကတော့ နည်းနည်းတော့ ပြင်းထန်တယ်”ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ နံနက် ၇နာရီခွဲမှာ ၁၀နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ နံနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်လာကြောင်း ၎င်းက ဆိုသည်။

“၈နာရီလောက်ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုက ရဟတ်ယာဉ်နဲ့ တစ်ကြိမ်၊ ဂျက်လေယာဉ်နဲ့ တစ်ကြိမ် နှစ်ကြိမ်လာရောက်တိုက်ခိုက်တယ်။ ကျောက်မဲဘက်ကလည်း လက်နက်ကြီးလှမ်းပစ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ထိုးစစ်ဆင်တိုက်ခိုက်လာမှုသည် မှားယွင်းထိုးစစ်ဆင်ခြင်းမဖြစ်နိုင်ဟု TNLAက ဆိုသည်။

“သူတို့ ထိုးစစ်ဆင်ကတည်းက မှားယွင်းပြီးမှ လာရောက်တိုက်ခိုက်တာတော့ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော်တို့ ရှိတဲ့နေရာကို ထိုးစစ်ဆင်ပြီဆိုကတည်းက ဘယ်သူရှိတယ်ဆိုတာ ကြိုသိပြီးသားလို့ မြင်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

အာဏာသိမ်းပြီးနောက် TNLAနှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သည့် စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာလတွင် TNLA တပ်စခန်းရှိရာ နမ့်ဆန်မြို့နယ်သို့လေကြောင်းချီထိုးစစ်ဆင်ခဲ့သည်။ မြေပြင်တိုက်ပွဲ ၇ရက်ကြာမြင့်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့သည့် အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က နားလည်မှုလွဲမှား၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်၍ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့သည်ဟု TNLAက ပြောသည်။

“ဒီဇင်ဘာ ပြီးတော့ လားရှိုးဘက်မှာလည်း ၁ကြိမ်တိုက်ပွဲဖြစ်ပွားတာရှိတယ်။ နောက်တစ်ကြိမ်ကတော့ တိုက်ပွဲမဟုတ်ဘူး တအန်းလူထုတွေကို ဂျာယန်ပြည်သူ့စစ်စခန်းထဲ ကျနော်တို့ သွားကယ်တဲ့အချိန် အဲဒီမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ သူတို့ လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ အခုတစ်ကြိမ်ထပ်ဖြစ်တာပေါ့” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

အခြားဒေသများ၌လည်း စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုရှိသော်လည်း ထိတွေ့တိုက်ပွဲမရှိဟု TNLAက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။