Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးသည့်ကားများဆွဲရန်လာသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ဟု HRS အသိပေး

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - HRS
Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - HRS

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းနှင့်သထုံကြား၌ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး ပျက်စီးသည့် ကားများလာဆွဲသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့က ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ရက်က စစ်ကောင်စီယာဉ်တန်းကို သထုံနှင့် ဘီးလင်းမြို့ကြား ကမာစိုင်ရွာသစ်အနီးတွင် ပူးပေါင်းတပ်ဖွဲ့က မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည့်အပြင် (၄၀)မမ ဗုံးသီး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု HRSက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ခုနစ်ဦးသေ၊ လေးဦးဒဏ်ရာရပြီး ကား သုံးစီး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် ယာဉ်များကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ရက် နံနက်တွင် လာရောက်ဆွဲယူရာ ဒရုန်းဖြင့် ထပ်မံစောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု HRSက ထုတ်ပြန်သည်။ ဗုံးသီး ရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း HRSက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံ KNLA တပ်တာဝန်ရှိသူအချို့အား မေးမြန်းရန် ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။