Connect with us

Hi, what are you looking for?

သတင်း

တံတားဦး၊ မြစ်သားနှင့် ကူမဲမြို့တွင် စစ်ကောင်စီတပ်က ပြည်သူလေးဦးကို ဖမ်းဆီးသတ်ဖြတ်

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁က မန္တလေးမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - CJ
၂၀၂၁က မန္တလေးမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ တံတားဦး၊ မြစ်သားနှင့် ကူမဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ လေးဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းကပင် မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာရှိ ကောင်းစက်သုံးဆီဆိုင်ပိုင်ရှင် ကိုမောင်စိုးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီလ ၂၀ရက် နံနက်ပိုင်းတွင် မြစ်သားဆေးရုံ၌ အလောင်းလာထုတ်ခိုင်းခဲ့ကြောင်း၊ သေဆုံးသူ၏ ဇနီးနှင့်က​လေးကိုလည်း လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းတွင် တံတားဦးမြို့နယ်၊ ပုဏ္ဏားခြံ(တောင်)ရွာနေ ဦးမောင်မြင့်နှင့် မြေငူရွာနေ ဦးသိန်းတို့အား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မြေငူ-ပေါက် တောလမ်းရှိ ပေါက်မြိုင်ဘက်ထွက်ရာ လမ်းတံတားအနီးတွင် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မြေငူက အုပ်ကြီးလို့ပြောတယ်။ နောက်တစ် ယောက်က သူ့အစ်ကိုတော်တယ်။ အိမ်လာခေါ်ပြီး ရွာအနောက်ဘက်မှာ ပစ်သတ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်ရှိ NLD ပါတီဝင်များနှင့် ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းများအား လမ်းဘေး၌စွန့်ပစ်သွားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၂၀ရက်အထိ ဖမ်းဆီးခြင်းသတ်ဖြတ်ခြင်း ခံရသူ ၃,၀၁၈ဦး ရှိကြောင်း၊ AAPPက ကောက်ယူထားသည့် အရေအတွက်သာ ဖြစ်ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။