Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တံတားဦး၊ မြစ်သားနှင့် ကူမဲမြို့တွင် စစ်ကောင်စီတပ်က ပြည်သူလေးဦးကို ဖမ်းဆီးသတ်ဖြတ်

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁က မန္တလေးမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - CJ
၂၀၂၁က မန္တလေးမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ တံတားဦး၊ မြစ်သားနှင့် ကူမဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ လေးဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းကပင် မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာရှိ ကောင်းစက်သုံးဆီဆိုင်ပိုင်ရှင် ကိုမောင်စိုးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီလ ၂၀ရက် နံနက်ပိုင်းတွင် မြစ်သားဆေးရုံ၌ အလောင်းလာထုတ်ခိုင်းခဲ့ကြောင်း၊ သေဆုံးသူ၏ ဇနီးနှင့်က​လေးကိုလည်း လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းတွင် တံတားဦးမြို့နယ်၊ ပုဏ္ဏားခြံ(တောင်)ရွာနေ ဦးမောင်မြင့်နှင့် မြေငူရွာနေ ဦးသိန်းတို့အား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မြေငူ-ပေါက် တောလမ်းရှိ ပေါက်မြိုင်ဘက်ထွက်ရာ လမ်းတံတားအနီးတွင် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မြေငူက အုပ်ကြီးလို့ပြောတယ်။ နောက်တစ် ယောက်က သူ့အစ်ကိုတော်တယ်။ အိမ်လာခေါ်ပြီး ရွာအနောက်ဘက်မှာ ပစ်သတ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်ရှိ NLD ပါတီဝင်များနှင့် ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းများအား လမ်းဘေး၌စွန့်ပစ်သွားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၂၀ရက်အထိ ဖမ်းဆီးခြင်းသတ်ဖြတ်ခြင်း ခံရသူ ၃,၀၁၈ဦး ရှိကြောင်း၊ AAPPက ကောက်ယူထားသည့် အရေအတွက်သာ ဖြစ်ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။